Thursday, November 7, 2013
"လမ်းခွဲသူသို့ ကျေးဇူးတင်လွှာ"
အသက်ရှုရတာ ချိုမြိန်တယ် ရင်ခုန်သံတွေ လက်ဆတ်တယ်
နင့်အမုန်းမပါရှိဘဲ....မနက်ဖြန်တွေ လည်ပတ်
လက်တွေ့တွေ တိုင်းကလည်း အနှစ်ရှိတယ်….။
ပူပန်ခြင်းလည်း ကင်းတယ် စိုးရိမ်ခြင်းလည်း ရှင်းတယ်
နင့်စိတ်နဲ့ မယှဉ်တွဲတော့တဲ့ငါ....အေးချမ်းစွာနဲ့ ရှင်သန်
တန်ပြန်နိုင်ဖို့ မကြိုးစားတော့ဘဲ
ရင့်ကျက်မှုတွေနဲ့ မိတ်ဆွေဖွဲ့တယ်……။
စိတ်အစဉ်က ပေါ့ပါး....သံသယတွေ လွင့်သွားတယ်
မတူမတန်တဲ့ အချစ်ကို သတိမရ
ဘ၀ခရီးအတွက် အတိအကျ အစီအစဉ်တွေဆွဲ
နာကျင်ခြင်းကင်းကင်းနဲ့.....ငါ့ရည်မှန်းချက်တွေ အသက်သွင်းတယ်……။
နင့်သစ္စာကို မတပ်မက်.....နင့်မေတ္တာကို စွန့်လွှတ်တယ်
အမှားမရှိဘဲ ထားခဲ့ခံရတဲ့ဘ၀...၀ဋ်ကြွေးလို့ပဲ ငါယူဆ
ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ဓါတ်တချို့…..ခိုင်မာလာရင်း
လမ်းခွဲခဲ့တဲ့နင့်ကို ငါ….အရမ်းလည်း ကျေးဇူးတင်ပါတယ်…….။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...
No comments:
Post a Comment