အတိတ်သို့.......ဆွေးခြင်း
နှလုံးသားအရေးအတွက် အချိန်ပေးတွေးမိတိုင်း
နောင်တ တချို့တ၀က်ရဲ့ ထွက်ဆိုချက်က
သူ့ကို လိုအပ်နေတယ်တဲ့.......
သွေးအေးယောင် ဆောင်ထားပါလျှက်
နွေးထွေးစရာ အတိတ်ကို တရှိုတ်မက်မက်
ဟင့်အင်း.....
ကိုယ်ဟာ ပြတ်သားနိုင်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထည်ဝါခဲ့ပြီးပြီပဲ.....။
တမ်းချင်းတွေ အလီလီနဲ့ မျက်ရည်တွေ အိုင်ဖွဲ့ထွန်းနေပါစေ.....
သူမသိနိုင်တာကိုပဲ အောင်ပွဲတွေ ခံနေမိ
သူ့ကြောင့် သတ်ပုံမှန်ခဲ့တဲ့ အက္ခရာတွေအကြောင်း
သူ့ရင်ထဲရောက်မနေအောင်
ကိုယ့်ကမ်းပါးမှာ.....မာယာတွေက
ဆယ်ကမ္ဘာစာလောက် တောင်ပုံ ယာပုံပေါ့....။
သစ္စာတွေ သံတူကြောင်းကွဲ ခဲ့တာမို့
မေတ္တာသီးသန့်နဲ့ ဂန္တ၀င်ဆန်ကြည့်ဖို့
ကိုယ့်က အရည်အချင်းမပြည့်မှီခဲ့
"ကိုယ့်အပြင် နောက်ထပ်ရှိနေခဲ့တယ်" ဆိုတဲ့အတွေးက
သူ့ကို ကိုယ့်ခွင့်လွှတ်ခြင်းတွေထဲက
ဆွဲ ဆွဲ ခေါ်ထုတ်သွားတတ်တယ်။
အလိမ်အညာ နက္ခတ်တွေရဲ့အောက်
သံယောဇဉ်ရှိမိသလောက်.....
နေ့ဆွေး ညဆွေး ကိုယ် ငိုကြွေးဖူးပါရဲ့
ပတ်သတ်ခဲ့ဖူးသမျှဟာ....
ခုချိန်မှာ ရင်နာစရာဖြစ်ဖို့သာ အသုံးဝင်တော့လည်း....
......သူဖန်ဆင်းပေးချင်တဲ့ အနာဂတ်
သံသယတွေနဲ့မို့ လာဘ်ပေး လာဘ်ယူ မတည့်ခဲ့....
မှတ်သားတတ်တယ်လေ
ကိုယ်ဟာ သူ့လိုမှ ဒဿ မဆန်ခဲ့ဖူးတာ....။ ။
ပထမနေ့က အိမ်မက်မက်တယ် မင်းနဲ့အတူ စားပွဲဝိုင်းတခုမှာအတူတူထိုင်နေကျတယ် ချစ်သူ မင်းကလဲတနေရာ ငါကလည်းတနေရာစီပါ ငါမခံစားနိုင်ဘူးချစ်သူ အဲဒီတိတ်စိတ်မှူ့ကို မင်းနားကိုငါကပ်ထိုင်ခဲ့တယ် ပီးတော့စကားတွေအကြာကြီးပြောကျတယ် ငါအရမ်းပျော်တယ်ချစ်သူ
ဒုတိယည
ချစ်သူ မင်းဆံပင် အတိုညှပ်ထားတယ်လို့အိမ်မက်မက်တယ် ငါသိချင်ခဲ့တယ် တကယ်ဟုတ်မဟုတ် ဒါပေမယ့်
ကို မေးခွင့်မရှိတော့ပါဘူး
တတိယည
မင်းနဲ့အတူ ခုံတန်းလျားမှာ နှစ်ယောက်ထဲထိုင်နေတယ်
ညီမ မထင်မှတ်တာကိုလုပ်မိလိုက်တယ်
မင်းရဲ့နှဖူးလေးကိုနမ်းခဲ့တယ်
မင်းကပြောတယ် **ဘာလုပ်တာလဲတယ့် **
ကို ပြန်ပြောခဲ့ပါတယ်
" တောင်းပန်ပါတယ် ကိုစိတ်မထိန်းနိုင်တော့လို့ပါ"
ပီးတော့ ကို မင်းရဲ့လက်ကိုကိုင်ပီး
ပျော်နေတုန်းမှာ
နှောက်ရှက်ခံခဲ့ရတယ်
အဲ့ဒီနှောက်ရှက်တဲ့သူနံမည်က
နိုးထခြင်း
ငါ မင်း ကို ယ နေ့ ထိ တိုင် ချစ် နေလျှက်ပါချစ်သူ
အိမ်မက်က တကယ်မဟုတ်ပေမယ့်
အိမ်မက်ကိုကျေးဇူးတင်မိပြန်ပါ
တယ်
*ဘ၀ကပေးတဲ့ ကဗျာ*
တစ်ယောက်တည်းပါပဲ
လျှောက်လမ်းတိုင်းကလည်း ကြမ်းတမ်းနေတယ်
တခါ.....တခါ
ကိုယ့်ရယ်သံကို ကိုယ်ပြန်သတိရနေမိတဲ့ အဖြစ်ပေါင်းလည်း မနည်းလှတော့ဘူး။
ရင်ဘတ်ကြီးအပြည့် ခံနိုင်ရည်တွေ မွေးမြူပြုစုထားတယ်
တစ်ကိုယ်စာ အခက်အခဲကို
ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူလို့ပေါ့......။
မျက်ရည်တွေကလည်း သူ့အလိုလို အငွေ့ပျံနေတတ်ပြီ
ပျော်စရာဆိုတဲ့ကောင်ကို
အဝေးကနေတောင် မငေးကြည့်မိအောင် ကြိုးစားထားတယ်
(ငါ့မှာ မရှိတဲ့ ထိုအရာကို ငါ သေလောက်အောင်မုန်းမိပါရဲ့)
သံယောဇဉ်တွေ အသက်စွန့်ခဲ့တဲ့နေ့အကြောင်း....
ပြိုကွဲပြတ်စဲ ခွဲထွက်ခဲ့ပြီးသည့်နောက်
မနက်ဖြန်တွေရဲ့ ငိုကြွေးမှုတွေအကြောင်း.....
ရေနစ်သူကိုမှ ၀ါးကူလို့ ထိုးတတ်ကြတဲ့ ပုထုစဉ်တွေအကြောင်း.....
ကမ်းလင့်လက်တစ်စုံရဲ့ စိမ်းကားလွယ်ခြင်းအကြောင်း....
ဘယ်လိုရေးရေးလည်း စာမပီခဲ့ဘူး
(ခံစားချက်တွန်းအားတွေက ကဗျာဆန်ဖို့ သဟဇာတမဖြစ်တော့ဘူးလေ)
အားပေးမှုတွေကို သံသယဖြစ် ၀ံ့နေပါပြီ
စိတ်မှန်းနဲ့တောင် တိုင်တည် ကျိတ်ရှိုတ်ဖို့
ဘယ်ရင်ခွင်မှ မလိုအပ်တော့ဘူး
အပူကူးပြီး အပူတိုးတော့
ငါဟာ စိတ်ပျက်စရာကောင်းတဲ့ မိန်းမရယ်လို့
ဂုဏ်ပုဒ်တစ်ခု ထပ်တိုးမှာ တုန်လှုပ်မိတယ်။
အထီးကျန်ခြင်း အခြွေအရံတွေနဲ့
သံသရာလည်နေတဲ့ဘ၀ထဲမှာ......
ငါနဲ့အတူ လိုက်ငိုပေးတတ်တဲ့ မိုးကောင်းကင်ကြီးရှိတယ်
ငါ ပြိုလဲတဲ့အခါ စိတ်ကြိုက်မှေးစက်ခွင့်ပေးတဲ့ မြေပြင်ကြီးရှိတယ်
ငါ ပေါက်ကွဲလို့ ထိုး ရိုက်တဲ့အခါ
(ငါ့လက်တွေ.....ခေါင်းတွေ သွေးဘယ်လောက်ရဲနေပါစေ)
အပြုံးမပျက် ငြိမ်သက်နေပေးတတ်တဲ့ နံရံတွေရှိတယ်။
ထို့ကြောင့် ငါ.....မသေဆုံးချင်သေးဘူး
ငါ့ရှုံးနိမ့်မှုတွေ ငါ ပြန်ရှုစားရင်း.....
ကဗျာဆရာ မောင်ချောနွယ်ရဲ့ စာသားလိုပေါ့
ချစ်လှစွာသော လောကဓံတရားရေ.....
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုဘဲ ချစ်နေပါတယ်။ ။
စကားတွေဆိုပေမယ့် ဓားသွားထက် ပိုထက်နေပါတယ်
ဆင်တူရိုးမှားသာဓကတွေက
လမ်းခွဲခြင်းကို သိပ်မထိရောက်ပါဘူးလေ
ပွင့်ပွင့်လင်းလင်းပေါ့
ငါတို့က အရင်းနှီးဆုံးသောလူသားနှစ်ဦးပဲ……။
နင့်ကို ငါက ဒွိဟ ဖြစ်ခွင့်မပေးဘူး
ပြတ်သားရဲတဲ့ ပုရိသတစ်ယောက်ဖြစ်စေချင်တာ
ဒီ့အတွက်…..
ငါ့ရင်ကိုခွဲ….သူမရဲ့လက်ကိုသာ တွဲပါတော့လေ။
အကွာအဝေးကလည်း သံယောဇဉ်တွေကို
သုတ်သင်ရှင်းလင်းနေတယ်
နင်နဲ့ငါ့ကြား သူမရဲ့ အနမ်းက တံတိုင်းခြားစေတယ်
အနှစ်နှစ် အလလ ဖွဲ့စည်းယုယခဲ့တဲ့ အလွမ်းတွေက
တစ်မိနစ် နှစ်မိနစ်စာ သူမရဲ့ အကြင်နာကို မယှဉ်နိုင်ခဲ့တာတော့…..
အရိုးစွဲလောက်တဲ့ ရင်နာစရာ….။
နင် ပြီးရင် ဘဝ
ဘ၀ ပြီးရင် နင်လို့
ငါ ဇွဲပြင်းပြင်းနဲ့ တက်ကြွနေတုန်း….
နင်က သူမအပါးမှာ ၀ပ်တွား ခစားလို့…..
အလှတရားတွေထဲ
နင် မိုက်မိုက်မဲမဲ ယုံကြည်အားတွေ ကောင်းလွန်းနေတယ်။
နင့်အချစ်နဲ့မှ နေ့ရက်တွေ သစ်စေခဲ့တဲ့ ငါ့ကို
နင် မေ့ပစ်လိုက်ပါ
နင့်ကို သတိရနေမှ လူပီသတယ်လို့ ယူဆထားတဲ့ ငါ့ကို
နင် ထားရစ်ခဲ့ပါ
နင့် နေ့အစ ညအဆုံး အဆင်ပြေမှုတွေ လွှမ်းမိုးနေအောင်
ဆုတောင်းပေးနေတတ်တဲ့ ငါ့ကို….
နင် လမ်းခွဲခဲ့ပါ….။
သူမဟာ နင်ဖြစ်လာတဲ့ တစ်နေ့
နင်ဟာ ငါ ဖြစ်လာတဲ့အခါ…..
နှလုံးသားကို အသုံးချပြီး…..
ပေးဆပ်မှုတွေ ရသမြောက်နိုင်ပါစေ….။
မှတ်ချက်။ ။ နောင်တရဲ့ ထွက်ဆိုချက်တိုင်း…ငါတို့အတိတ်တွေ ကင်းလွတ်နေပါစေပေါ့။
နင်မသိအောင်……။
ငါ့အနားက နင်ထွက်သွားတိုင်း
“ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း
နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ့တယ်….။
ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက
“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်း
နင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။
ငါတို့ဝေးနေတဲ့အချိန်
“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်း
နင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။
နင့်ဆီမှာ ငါနဲ့ပတ်သက်သမျှ
“ဘယ်လိုအမှတ်တရတွေတည်ရှိနေလဲ ” လို့ငါမမေးခဲ့ပေမယ့်
နင့်ဆီကရခဲ့သမျှကို တလေးတစားဂရုစိုက်ရင်း
နင်မသိအောင် ငါ တန်ဖိုးထားနေတတ်တယ်….။
ကဗျာဆရာပေါ့
စကားလုံးတွေနဲ့အတူတူ
ဟောဒီလောကကို ရင်ကွဲနာကျနေလိုက်တာ
အရာအားလုံးထက်ပိုတဲ့ အရာတစ်ခုကို
သူတွေ့ရှိသွားခဲ့မိလို့တဲ့လေ
သိပ်ချစ်ဖို့ ကောင်းတာပဲလို့တောင်မှ
မရေရွတ်ရဲ မငြီးတွားရဲ
သိပ်သည်းစွာ သိမ်ငယ်နေမိပြန်ပေါ့
အရာအားလုံးထက်ပိုတဲ့ အရာတစ်ခု
အရာတစ်ခု .. ရင်ဘတ်အက်ကြောင်းအတုတွေနဲ့အတူ
မြင်မြင်ရာကို ပြုစုခဲ့တယ်
အခုတော့လည်း ခရာတာတာ ညုတုတုရယ်နဲ့
လူ့ဘ၀ကို အက္ခရာတွေသုံးပြီး တည်ဆောက်မိလိုက်တော့
ဗြုန်းဆို ပြုတ်ကျသွားခဲ့တာတွေက
ရင်ခုန်သံ အသံခုနှစ်ထပ်
ပြီးတော့လည်း မတ်နေအောင်ထရပ်
လဲကျခါနီးလက်က ထရပ်ခါနီးခြေထောက်ကို ဆွဲချတယ်
ငါ့မှာက တစ်ဝက်တစ်ပျက်တွေချည်းပါပဲ
အားလုံးကလည်း မပြီးဆုံးသေးပေါ့
ဘ၀ထဲမှာ
ငိုချင်းရှည်တွေချည်း ချပြရလွန်းတော့လည်း
မျက်လုံးတွေတောင် မို့အစ်လို့နေကြတယ်
ပြီးတော့လည်း ပြီးတာပါပဲကွယ်လို့
ပါးစပ်ကထုတ်ကာပြော
No comments:
Post a Comment