Tuesday, November 12, 2013

"ချစ်ခြင်းဖြစ်စဉ်"



သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့
ကိုယ်ပိုင်သီအိုရီတွေနဲ့
ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။

ဆောက်တည်လက်စတွေကို မက်မောရင်း
အလွမ်း ခပ်ပါးပါးတွေထဲ လွင့်မျော
မသိစိတ်ရဲ့ ဒဿနတွေကတော့
သတိရနေဖို့သာ ပြဌာန်းလို့ပေါ့....။

အနာဂတ်နဲ့ နှိုင်းတဲ့အခါ
ဘယ်ဘက်ရင်အုံက သိမ်ငယ်လွယ်ခဲ့တယ်
သူရယ်... ကိုယ်ရယ်....ဘ၀ရယ်
အချစ်ကို အရဲစွန့်ကိုးကွယ့်ကြည့်ဖို့အတွက်
ကံကြမ္မာကို အဦးဆုံးချိုစေဖို့ ဖန်တီးချင်သေးတယ်လေ။

နီးမလား...ဝေးမလား တွေး တွေးရင်း
သူ့ စိတ်က ကိုယ့်ကို သိမ်းသွင်းနေတတ်တယ်
သစ္စာတွေလည်း အတိအလင်း စစ်ခံဝင့်ပါတယ်လေ
သူ့ထက် လေးနက်စရာဆိုလို့
သူ့အတွက် ကိုယ့်မျှော်လင့်ချက်လေးပဲရှိတယ်။

ပိုင်ဆိုင်ဖို့အတွက် အရင်ပေးဆပ်နေရတဲ့အခိုက်အတန့်
အထီးကျန်ခြင်း ၀န်တွေ အပိခံရင်း
ကိုယ့်သက္ကရာဇ်နဲ့ ကိုယ် ရဲရင့်လာခဲ့သမျှ
အနေဝေးခြင်းရိုးရာရဲ့အောက်
နှလုံးသားတစ်စုံ ကျပျောက်မှာကိုတော့
သွေးအပျက်ပျက်နဲ့ သေရမှာထက် ကြောက်တတ်တယ်ကွယ်။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး