Thursday, November 7, 2013

နောင်တတွေ မရကြေးပေါ့



“တစိမ်းတွေ” လို့ နင်သတ်မှတ် နင့်အဝေးသို့ ငါ…..ထွက်ပြေးပေးခဲ့ပါတယ်
လိုအပ်သမျှတွေ တရေးရေးပေါ်လာတဲ့အခါ
ဖန်ဆင်းရှင် နတ်သမီးရယ် လို့ နင် တင်စားဖူးတဲ့
ငါ့အား …လိုက်ရှာခေါ်ယူဖို့.....နင် စိတ်မကူးပါနဲ့……။ ။

“လမ်းခွဲကြမယ်” လို့ နင် စကားစအေးဆေးစွာ ငါလက်ခံပေးခဲ့ပါတယ်
နွေးနွေးထွေးထွေး စိတ်မချစကားတွေ
နင့်ပေါ် ဆိုသူမဲ့တဲ့အခါ /(သို့)
ပူပန်ပေးသော ဂရုစိုက်မှုတွေ နာခံခွင့်ရှိဖို့
နင် ဆန္ဒတွေ သိပ်ပြင်းပြလာတဲ့အခါ
လွမ်းဆွေးသမျှတွေ တည်ခင်းပြ နင် အတ္တတွေလည်း သိပ်မဆန်ပါနဲ့….။

“အချစ်စစ်တွေ့ပါပြီ ” လို့ နင်အသိပေး
ငါ အလိုက်တသိ နောက်ဆုတ်ပေးခဲ့ပါတယ်
နင့် အသစ်လေးက...အပြစ်ဆိုတာတွေ နင့်ကို သိပ်မြင်လာခဲ့ရင်
ရင်ခွင်ဟောင်း ငါနဲ့ အကြင်နာနှိုင်း
ဘယ်သူက နင့်အပေါ် အချစ်နိုင်ဆုံးရယ် ပါလို့
ငါကြားမယ် အထင်နဲ့ နင်…သတင်းမလွှင့်ပါနဲ့….။

“ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်
ငါ့လို နားလည်မှု သူ့မှာမရှိလို့
နင်တို့ သက်တမ်း အနာအဆာပြည့်နှပ်လာတဲ့အခါ
အဆုံးသတ်တစ်ခုမှာ ငါနှုတ်ဆက်.....
“နောင်တတွေမရကြေးပေါ့ ” ဆိုတဲ့စကား
နင် ထိတ်လန့်တကြားနဲ့
ဘယ်တော့မှလည်း ပြန်မကြားယောင်ပါနဲ့…..။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး