Thursday, November 7, 2013

ခံစားချက်



နင်မကြည့်ခဲ့လို့ မမြင်ခဲ့တဲ့ ငါ့ ဆုံးရှုံးခြင်းတွေအား
ခုမှ မျက်ရည်ခံထိုး နိဒါန်းပျိုးဖို့
မာနအနည်းစုက လုပ်ပိုင်ခွင့်လေးကို ထာဝရပိတ်ပင်လို့ ကာဆီးထားတယ်။

တခမ်းတနား ရှိုက်သံတွေကိုမှ
တန်ဖိုးတွေ သတ်မှတ် နင်က မြတ်နိုးနေတတ်မှတော့
ချမပြခဲ့ဖူးတဲ့ ငါ့ မျှော်လင့်ထားမှုတွေအတွက်
နင့်နှလုံးသားက ထုံ အ သွားတာ....သဘာဝတော့ ကျပါတယ်။

ဘယ်ဆီမှာမှန်းမသိ
နင် ဘယ်လို ပျော်ရွှင်နေမယ်မှန်းမသိ
နင့်အကြောင်းတွေ မသိခြင်းများစွာနဲ့
တစ်နေ၀င် တစ်နေထွက်
နင် သူမရဲ့ လက်ကိုဆွဲ ငါ့ဘ၀ထဲက ထွက်ခွာသွားပုံကို
အမြဲတမ်းသတိတရ ပုံဖော်ကြည့်နေမိတယ်။

အငွေ့မသေသေးတဲ့ မီးတစ်စလို.....
နာကျဉ်မှု ခပ်မြေ့မြေ့လေးနဲ့
အကြောင်းအရာတို့ မတိုက်ဆိုင်တော့တာတောင်
စွန့်လွှတ်ရခြင်း ဒဿနတွေ နင်ရှိနေတဲ့ နှလုံးသားဆီက မြစ်ဖျားခံနေတတ်တယ်
တကယ်ကဗျာပါပဲ
တခါက မျက်ရည်တု တစ်စက်နှစ်စက်က
ငါ့အတွက် ရေးလို့မကုန်တဲ့ တဘ၀စာ ကုန်ကြမ်းတွေအဖြစ် လုံလောက် ဖူလုံနေတယ်။ ။

1 comment:

  1. အလည် ရောက်လာခဲ့ပါသည်
    အားပေးသွားပါသည်.

    ReplyDelete

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး