Tuesday, November 12, 2013
**ချစ်သူဖန်ဆင်းပေးသော ခံစားချက်ကဗျာ**
အဝေးမှာလည်း နေဖြစ်တယ်
အချစ်တို့များစွာလည်း ကျန်ရစ်နေတယ်
ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း
... မျှော်လင့်လို့ကောင်းတဲ့ ရှင်သန်မှုတွေနဲ့
ချစ်သူရဲ့ နာမ်စား ရေရွတ်မိရုံ
အထီးကျန်ခြင်းတို့မှာ ပြီးပြည့်စုံစွာ နေသားကျပါတယ်…..။
အနီးအနားက ဘ၀တချို့အားကျမိပေမယ့်
ပျော်ဝင်ချင်စိတ်တို့မဲ့
သံယောဇဉ်တို့အား အလွမ်းတို့ ပြည့်သိပ်စွာဖြင့် ခိုင်မာစေခဲ့ကြောင်း
နှလုံးသားနဲ့ရင်း…မျက်ရည်တို့က လမ်းပြ
ပီတိတစ်ပိုင်းတစ်စဖြင့် နားလည်ခဲ့မှုတွေရှိတယ်…..။
တခါတလေ အနေနီးစပ်မှုတွေ ပူပန်မိပေမယ့်
ခွဲခွာနေရတဲ့ဘ၀မှာ
သံသယဆိုတာ ရန်သူလို့သက်မှတ်
ချစ်သူရဲ့ အယူအဆများစွာကိုသာ
ထပ်တူပုံပွား အမြဲ ကိုးကွယ်လို့ထားတယ်….။
ချစ်ခွင့်ရတဲ့ဘ၀မှာ သတိရခြင်းတို့ကသာ
သက်တမ်းရှည်စွာ မင်းမူလာခဲ့
ဒါပေမယ့် လိုချင်တပ်မက်ပါတယ်
ချစ်သူ ပေးသမျှအရာရာဟာ ဘ၀ရဲ့ အမြတ်နိုးဆုံးနှစ်သက်ရာပါ…။
နေ၀င်ချိန်တို့ အဖော်မဲ့စွာ ဖြတ်သန်းရင်း
အငြိုအငြင်မဲ့စွာ လျှောက်လှမ်းနေဆဲပါ
မိန်းမတစ်ယောက်ရဲ့ စွဲမြဲသော သစ္စာက
အဝေးအဝေးက ချစ်သူအတွက် သီးသန့်ဆိုတာ
တစ်ချိန်ချိန်တွေထိ သက်သေပြခွင့်ရှိဖို့
ကျေနပ်စွာဖြင့် ဒီနေရာမှာ နေထိုင်နေဦးမယ်…..။
ချစ်သူရဲ့ စကားသံက သံစဉ်တေးသွား…
ချစ်သူက ပေးတဲ့ ရသမြောက်များစွာနဲ့
ခံစားရသမျှ သေသပ်တယ်…..။
စောင့်မျှော်ရခြင်းတွေအား ဆက်လက်တည်ဆောက်နေမိခဲ့…
တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...
No comments:
Post a Comment