Friday, November 8, 2013

နင်မသိအောင်……။



ငါ့အနားက နင်ထွက်သွားတိုင်း
“ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း
နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ့တယ်….။

ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက
“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်း
နင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။

ငါတို့ဝေးနေတဲ့အချိန်
“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်း
နင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။

နင့်ဆီမှာ ငါနဲ့ပတ်သက်သမျှ
“ဘယ်လိုအမှတ်တရတွေတည်ရှိနေလဲ ” လို့ငါမမေးခဲ့ပေမယ့်
နင့်ဆီကရခဲ့သမျှကို တလေးတစားဂရုစိုက်ရင်း
နင်မသိအောင် ငါ တန်ဖိုးထားနေတတ်တယ်….။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး