Tuesday, November 12, 2013

ခံစားချက်

ချစ်
နင့်ရဲ့အချစ်ဆုံးဖြစ်ရဖို့ အတ္တတစ်ခုအရင်းပြုပြီး
အစဉ်တစိုက် ငါ ဂရုစိုက်ပြခဲ့တာမဟုတ်ဘူး
ငါ့ရဲ့အချစ်ဆုံး နင်ဖြစ်နေလို့
အမြဲလိုလိုလေးနက်
အရိပ်တကြည့်ကြည့်နဲ့ ငါကြင်နာချင်ခဲ့တာ. .......။

ချစ်
ပေါ်ပေါက်လာတဲ့အလွမ်း
ခံနိုင်ရည်မဲ့ရင်း လူသိသူသိ ငါဟစ်ကြွေးနေတာ မဟုတ်ဘူး
နင့်ကို မလွမ်းရရင် ငါမဟုတ်တော့သလို လိပ်ပြာမလုံမိလို့
နင့်ကိုပဲ အချိန်၇ှိသေ၇ွ့ လွမ်းချင်တိုင်းလွမ်းနေခဲ့တာ.......။

ငါအထီးကျန်ရမှာ စိုးရိမ်လို့
မထားခဲ့ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး
နင်မရှိရင် ငါဆိုတာ မတည် နိုင်လို့
ခံစားချက်တွေ ငဲ့၇င်း ခွဲမသွားဖို့ အမိန့်ပေးခဲ့မိတာပါ။

ချစ်
နင့်နဲ့အတူနေရဖို့ရည်ရွယ်
နင့်အနားက မခွာရက် နင့်ရင်ခွင်ကို ခိုဝင်ရဖို့
ငါ လောဘတွေကြီးနေတာ မဟုတ်ရပါဘူး
ငါ့အတွက် နင်မရှိရင် မဖြစ်တော့လို့
နှလုံးသားကို ဦးစားပေး နင့်ရဲ့ဘေးမှာ အချိန်၇ှိတိုင်း ငါက ပေးဆပ်ချင်ခဲ့တာပါ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး