Tuesday, November 12, 2013

ချစ်

ချစ်
ငါ ယုံလွယ်သူတစ်ယောက်မဟုတ်ခဲ့ဘူး
ဒါပေမယ့်
နင့်စကားတိုင်းကို ယုံကြည်ချင်နေမိတယ်။

ချစ်
... ငါ ခံစားရလွယ်သူတစ်ယောက်မဟုတ်ခဲ့ဘူး
ဒါပေမယ့်
နင့်အတွက်ဆို နူးနူးညံ့ညံ့ သံစဉ်တွေရေးစပ်ဖြစ်နေတယ်။

ချစ်
ငါ မျက်ရည်လွယ်တဲ့သူ မဟုတ်ခဲ့ဘူး
ဒါပေမယ့်
နင် ဂရုမစိုက်ရင်တော့ ငိုချင်စိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။

ချစ်
ငါ မပြတ်မသား နေထိုင်တတ်တဲ့သူ မဟုတ်ခဲ့ဘူး
ဒါပေမယ့်
နင်နဲ့ပတ်သတ်လာရင် ဝေေ၀၀ါးဝါး သံယောဇဉ်ကိုလည်း ငါမြတ်နိုးနေမိတယ်။

ချစ်
ငါကလေ တစ်ချိန်ချိန်ကို မှန်းပြီး ကြည်နူးလွယ်တတ်တဲ့ယောက်ကျားတစ်ယောက်မဟုတ်ခဲ့ဘူး
ဒါပေမယ့်
နင့်ကြောင့် ငါ.......
တစ်နေ့နေ့ဆိုတဲ့အတွေးတွေနဲ့ နိုးထတတ်လာခဲ့တယ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး