Tuesday, November 12, 2013

ချစ်တယ်ဆိုတာ

နင် သူ့ကို ချစ်တယ်ဆိုတာ
ငါ နင့်ကို စိတ်နာနေတာလောက်ပဲရှိတာပါ….။

နင် သူ့ကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ
ငါ နင့်ကြောင့် ပျော်ခဲ့ရသလောက်ပဲရှိပါတယ်….။

... နင် သူ့ကို အရမ်းလွမ်းတယ်ဆိုတာ
ငါ နင့်ကို သတိရနေတာလောက်ပဲရှိတယ်….။

နင် သူ့အတွက် ရည်ရွယ်ထားတဲ့ တစ်ဘ၀လုံးဆိုတာ
ငါ နင့်အတွက် စိတ်ကူးယဉ်ထားတဲ့ တစ်နေ့တာလောက်ပဲရှိတယ်….။

နင် သူ့ကို မျှော်လင့်ထားတယ်ဆိုတာ
ငါ နင့်ကို ပေးဆပ်နေရသလောက်ပဲရှိပါတယ်ဟာ…..။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး