Wednesday, November 6, 2013

ငါလမ်းမခွဲပေးဘူး

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်လိုအပ်တဲ့အရာတွေ ငါဖြည့်ဆည်းပေးခွင့် အချိန်ပြည့်မရှိမှာ စိုးလို့ပါ….။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်….၀မ်းနည်းနေရတဲ့အချိန် ငါ့လက်တစ်စုံနဲ့ နင့်မျက်ရည်တွေ သုတ်ပေးခွင့်မရှိမှာ စိုးလို့ပါ…..။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်ခံစားနေရသမျှ ထွက်ပေါက်ရှာတဲ့အခါ နင့်ဘေးနားမှ ငါစောင့်ရှောက်….နင်အမှားဘက် မရောက်သွားအောင်ငါ……လမ်းပြပေးချင်သေးလို့ပါ။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင့် ထမင်းစားချိန်တွေတိုင်း ငါ အဖော်ပြု ရေအေးတစ်ခွက်နဲ့ နင့်အကြိုက်ဟင်းတွေ မှာ ပေးချင်လို့ပါ….။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
လက်သည်းလေးတွေ နည်းနည်းရှည်တိုင်း …..မနေတက်တဲ့နင့်ကိုတစ်ပတ်တစ်ခါ
လက်သည်းပုံမှန် ညုပ်ပေးခွင့် ….
ငါ ဆုံးရှုံးမှာ ကြောက် လို့ပါ။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်ညအိပ်မရတိုင်းဖုန်းပြောဖို့ ငါ့အလှည့် နင်သတ်မှတ်ပေးတဲ့အခါ….နင်နားထောင်လေ့ရှိသော……ငါ့ကဗျာတွေအကြောင်း ငါပြောပြခွင့် မရှိမှာ စိုးလို့ပါ….။

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
ဘယ်သူ့က နင့်အတွက် အချစ်စစ် ငါ အကဲခတ်ခွင့်မရမှာ စိုးလို့ပါ….။

ငါလမ်းမခွဲပေး ဘူး ဆိုတာက…..
သူ့ကို နင့်အကြိုက် နင့်စရိုက်တွေအသိပေးနားလည်မှုတွေနဲ့ နင်တို့ ခိုင်မြဲလာအောင် လမ်းပြ…က..
နင်သူ့ကြောင့် စိတ်ထိခိုက်မှုတွေ ကြုံလာမှာစိုးလို့ပါ…။

ငါလမ်းမခွဲပေးဘူးဆိုတာက….
ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။

ငါလမ်းမခွဲပေးဘူးဆိုတာက……………………
နင်မရှိတဲ့ ငါ့နေ့ရက်တွေအတွက်ဘယ်လို ကုန်ဆုံးရမယ်ဆိုတာလည်း ငါ မတွေးရဲသေးလို့ပါ…။

ငါ လမ်းမခွဲပေးဘူးဆိုတာက......
နင် အလိုအရှိတဲ့ ငါ့အနာဂတ်အတွက် ဘယ်လိုရင်ဆိုင်မှုတွေနဲ့ငါအားမွေးမပိုင်ဆိုင်လိုတဲ့ အထီးကျန်မှုတွေအစားထိုးဖို့ခန့်မှန်းရင်း ငါမရင့်ကျက်သေးလို့ပါ…။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး