Wednesday, November 6, 2013

"ဟိုအရင်ကလို......"



ဟိုအရင်ကလို
ငါ့ကို ဂရုစိုက်မယ့်သူ နင်မရှိတော့....ရင်မချိအောင် နာပေမယ့်
မုသားတွေရဲ့ ချုပ်နှောင်မှုအဝေးမှာ...ငါရောက်နေပြီဆိုတာကိုတွေး…..
ခပ်ပြုံးပြုံးလေးပဲ နေပါ့မယ်….။

ဟိုအရင်ကလို
ကြင်ကြင်နာနာချစ်ပေးမယ့် နင်နဲ့ခွဲခွာခဲ့ရတော့
ငါ့ ခံစားမှုတချို့ လစ်ဟာနေပေမယ့်
သစ္စာမသိတတ်သူကို....စွန့်လွတ်လိုက်ရပြီဆိုတာကိုတွေး
လက်ရှိဘ၀မှာ အေးအေးဆေးဆေးလေးပဲ ငါ နေထိုင်ပါ့မယ်….။

ဟိုအရင်ကလို
အိပ်မက်တွေကို နွေးထွေး မျှော်လင့်ချက်တွေ... ခပ်ရေးရေးဖြစ်စေခဲ့တဲ့
နင်နဲ့ ထပ်မဆုံဖြစ်ကြတော့
ငါ့ရင်ခုန်သံတွေ ပေါ့ပျက်ပျက်နိုင်ပေမယ့်
ဆင်ခြင်တွေနဲ့သာ အပြစ်အနာအဆာတွေ အမြဲဖာထေးတတ်တဲ့နင့်ကို
နှုတ်ဆက်လိုက်ရပြီလို့တွေး
အနာဂတ်တို့ ကြည်လင်စွာနဲ့ ငါ ဆက်ရှင်သန်ပါ့မယ်…။

ဟိုအရင်ကလို
ကြည်နှုးစရာတွေဆက်သ
ငါ့ခွင့်လွတ်မှုတွေအတွက် အမှတ်တရတွေ ပေးအပ်ခဲ့တဲ့
နင်နဲ့ လမ်းခွဲတစ်ခု သတ်မှတ်လိုက်တဲ့အခါ
ငါ့အခိုက်အတန့်တွေ အသက်မဲ့ခဲ့ပေမယ့်
ငါ့ကို အရူးတစ်ယောက်လို သဘောထားခဲ့တဲ့နင့်ကို
စိတ်နာသင့်ပြီလို့တွေး
ငါ့ကမ္ဘာအား နင်မပါဝင်စေဘဲ…..ဆက်လက် တည်ဆောက်ပါ့မယ်…..။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး