Wednesday, November 6, 2013

"နင်….ပြန်ခဲ့တော့လေ"



နင်….ပြန်ခဲ့တော့လေ
နင်ယုံမှတ်ထားတဲ့ မေတ္တာက အဆိပ်တွေတက်
မျက်ရည်တွေသာ ငွေ့ရည်ဖွဲ့စေတယ်ဆိုရင်…။

နင်….ပြန်ခဲ့တော့လေ
နင် ပေးဆပ်လိုက်ရတဲ့ အရာရာက အဓိပ္ပါယ်တွေမဲ့
ပျော်ရွှင်ခြင်းတွေသာ ကျပျောက်ခဲ့ရတယ်ဆိုရင်…။

နင်….ပြန်ခဲ့တော့လေ
နင် စေတနာတွေသာ ပျက်ပြယ်ခဲ့
ဝေဒနာတွေများစွာ ရင်ခွင်မှာ ပိုက်ထားခဲ့ရတယ်ဆိုရင်…။

နင်….ပြန်ခဲ့တော့လေ
နင် ခင်တွယ်သူဟာ သစ္စာတွေမဲ့
မမြင်ကွယ်ရာမှာ နင် ကျိတ်မှိတ် နာကြင်ခဲ့ရတယ်ဆိုရင်…။

နင်….ပြန်ခဲ့တော့လေ
နင် မျှော်လင့်ခြင်းတွေ ပျက်သုန်းခဲ့
နားလည်ပေးရခြင်းတွေ အလကားဖြစ်ခဲ့တယ်ဆိုရင်…။

နင်….ပြန်ခဲ့တော့လေ
………………….
………………….
……………………
ဘယ်သောအခါပဲဖြစ်ဖြစ်
နင် ရှုံးနိမ့်နေပြီလို့
ခံစားခဲ့ရရင်…..
အချိန်တစ်ခါက ငါ့ဆီသို့……..
အရင်ကလို တွေဝေမှုကင်းစွာ….
နင် ပြန်လာခဲ့ပါ….။

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ စူးနစ်မှုတွေများစေခဲ့ရင်
နင်….
ပြန်…. လာ….. ခဲ့ ……တော့ ….လေ…ဟာ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး