Tuesday, November 12, 2013

"သိပ်ချစ်မိတဲ့အကြောင်း"

သေချာပါတယ် ချစ်သူ
ငါနင့်ကို ကြာလေချစ်လေဆိုတာ
အပြုံးမပျက် အမုန်းမဖက်ဘဲ
ငါမှငါ ရည်ရွယ်ချစ်တဲ့နင့်ကို
စိတ်ကူးထဲမှာတောင် ငါ မစွန့်လွှတ်ရက်ဘူး။

ငါ ကျိန်ဆိုတယ် ချစ်သူ
နင့်အတွက် သစ္စာစစ်နဲ့ ဖြစ်တည်မှု
ငါ့ကို နေ့စဉ် အဖော်ပြုနေပြီဆိုတာ
ငါ့အပျော်ကို ရှေးရှု ငါ့လိုအင်တွေကို ဖန်တီး
အရာရာ ငါ့သဘော မငြိုမငြင် ချိုသာလွန်းတဲ့ နင့်ကို
ငါ့ အတွေးတွေထဲမှာတောင် သွေးမအေးဘူး။

ငါ ၀န်ခံတယ် ချစ်သူ
အစားထိုးဖို့နောက်ထပ်မရှိ
ငါ့သက်ပြင်းရှည်တွေက နင်နဲ့ဝေးမှာ စိုး၇ိမ်နေတယ်ဆိုတာ
ငါ့မျက်နှာကို အ၇ိပ်လိုငေး
အတိတ်ကိုမတွေးစေဘဲ
ငါ့မနက်ဖြန်တွေ တောက်ပစေခဲ့တဲ့နင့်ကို
ငါ အိပ်မက်ထဲမှာတောင် ပေးမဝေးဘူး။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး