Tuesday, October 8, 2013

အရှိအတန့်

အရှုံးကို မလိုချင်ခဲ့သူ
ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနဲ့
သူများကို သံသယထားတတ်လာတယ်
အမြဲတမ်း
ပြောင်းလဲနိုင်တဲ့သဘောကို
စိတ်ထဲအမြဲထည့်ထားရင်း
အရာရာကို ပေါ့ပျက်ပျက် ခံစားတတ်လာတယ်
ခံစားချက်တိုင်းကို ဖော့လို့
ခံစားမှုတွေကို
လစ်လျှူရှု့တတ်လာတယ်
နာမှာကြောက်တတ်သူပီပီ
သူများပြောင်းလဲချိန်မှာ
ကိုယ်ပြောင်းလဲနိုင်ဖို့
အဆင်သင့်ပြင်တတ်ခဲ့တယ်
ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတယောက်အဖြစ်
အားလုံးက သတ်မှတ်လိမ့်မယ်
အရာရာဟာ
အရေးမကြီးခဲ့ဘူး
မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေ
ကိုယ့်စိတ်ကိုယ်ပိုင်
ကိုယ်လမ်းကိုယ်ရွေးနိုင်ရမှာပေါ့
နောက်ကြောင်းပြန်
လှည့်မကြည့်နဲ့
ကိုယ့်အတ္တအတိုင်းပဲ
ရှိစေတော့မယ်
အတိတ်ကိုလည်း မလွမ်းချင်ဘူး
အနာဂတ်ကိုလည်း တွေးမပူချင်ဘူး
အရှိကို အရှိအတိုင်း
ငါ .. ရိုးရိုးလေးပဲကြည့်မယ်

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး