Tuesday, October 8, 2013

“မေ့နိုင်သူ..”

စကားလေးတွေ တီတီတာ
ဂျီကျကာ သူ့အနား
ပြုစားတာ နှလုံးသားက
လုံးဝမေ့လို့မရပါ….။
အချွဲလေးတွေ ရယ်စရာ
တွယ်စရာ ရင်ခွင်မှာ
ကြင်နာစွာ ယုယချင်တော့
အနုအလှတွေက နှလုံးသားမှာ
လုံးဝမေ့လို့မရပါ…။
အနမ်းလေးတွေ ပါးပြင်မှာ
ထားသခင်မှာ အလှကမ္ဘာ
တအားကြင်နာ စကားတွေက
ပါးပြင်မှာ စွဲထင်စရာ
ပွဲမ၀င်က အပြင်မှာ
ကြင်နာတာ နှလုံးသားမှာ
လုံးဝမေ့လို့မရပါ….။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး