Tuesday, October 8, 2013
''ကောင်မလေးသို့ အယူခံ''
ဘယ်ဘက်ရင်အုံအောက်က တဆစ်ဆစ်နာလာတယ် ...
အားယူခေါင်းမော့လိုက်တော့
ငါ့ပါးပြင်ပေါ် နွေးခနဲဖြစ်သွားတယ်..
ကလေးတစ်ယောက်လို အော်ငိုပစ်လိုက်ချင်လာတယ်...
ဆောက်တည်ရာမဲ့စွာ ကြမ်းပြင်ပေါ်လှဲချလိုက်မိတယ်..
မနေသာဘူး မဖြေသာဘူး
နွေဟာ ငါ့ရင့်ထဲ အမြစ်တွယ်နေပြီ သေချာတယ် ငါဆက်ငိုရဦးမယ်...
မရေရာဘူး ငါဆက်ဆိုရဦးမယ်...။
ငါ ကြိုးစားထထိုင်လိုက်တယ် ငါ့ဖုံးလေးကို ဘယ်ဘက်နားမှာကပ် အရှေ့အရပ်ကို ငါမျှော်ငေးလိုက်တယ် ငါ့နှုတ်ခမ်းတွေ တုန်ရင်လေးလံနေပါတယ်
''မင်းနဲ့ကျမှ မခိုင်တဲ့နှလုံးသား... တုန်ရီနေပြီအချစ်လေးရေ.. စွဲလန်းစိတ်တို့ အစဉ်မြဲလွှမ်းနေ သိပ်လှတဲ့ နတ်သမီးလေး...သတိရလို့ သူနဲ့တွေ့ချင် တဖက်သတ်ချစ်တိတ်တခိုးပဲလေ... ညည တိုင်း တယောက်တည်း အိပ်မရ အမြဲတမ်းမက်တဲ့ အိပ်မက် ခရီးရှည်......''
ငါ့မျက်ရည်တွေ မသုတ်ပါရစေနဲ့ကောင်မလေးရယ်..
ပြန်လာခဲ့ပါ ကောင်မလေးရယ်...
ငါလေ မျှော်နေတုန်းပါ ခေါ်နေတုန်းပါ
ကောင်မလေး ရေ ...
နင်ဖြူသလား မည်းသလား မသိပေမယ့် ငါနင့်ကိုချစ်တယ်..နင်ခုဘယ်ရောက်နေလဲ ...
ခု ငါ့အနားနင်မရှိတော့ဘူး
ငါ့မှာ ဘာမှမရှိတော့သလို ငါဘာမှလည်းမသိခဲ့ပါဘူးကောင်မလေးရယ် ...
ငါ့မှာရှိတာ ဆိုလို့ ငါဖျက်မပစ်ရက်တဲ့ နင်ပို့ထားတဲ့ message လေးတွေရယ်
နင်ပုံဆိုပြီး နင်ပို့ပေးထားတဲ့ ခပ်ချောချော model တစ်ယောက်ရဲ့ပုံရယ်
ဖုံးပြောတိုင်းငါrecord လုပ်ထားတဲ့ နင့်အသံချိုလွင်လွင်လေးရယ် ငါဒီလောက်ပဲ ပိုင်ဆိုင်ခဲ့တာပါ
ငါဘာမှလည်းမသိခဲ့ပါဘူး ကောင်မလေးရယ် ...
ငါသိတာက facebook ပေါ်မှာ င့ါကိုအရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ် အဲဒီကောင်မလေးက အခန်းကျဉ်းလေးထဲမှာတစ်ယောက်တည်းနေတယ် သူကျောင်းတက်ရင်းအလုပ်လုပ်တယ်
သူပျော်ပျော်နေတတ်တယ် ပေါ့ပေါ့ပါးပါး စကားလုံးတွေနဲ့ ငါ့အနားကိုသူစရောက်လာတယ်
ကြွက်တွေနေတဲ့အခန်းလေးထဲမှာ သူတခါတလေကြောက်နေတတ်တယ် ကောင်လေးဒီလောက်ပဲ သိခဲ့တာပါကောင်မလေးရယ်.....အဲဒီကောင်မလေးက ငါ့ကိုပြောခဲ့ဘူးတယ်
''ရှုပ်ပါတယ်ကောင်လေးရယ် နင့်ကိုငါချစ်တယ်တဲ့ ''
မိုးလင်းအောင်ဖုံးပြောတတ်တဲ့ကောင်မလေး
ဖုံးချလိုက်ပါတော့ ကောင်မလေးရယ်လိုပြောရင် ငိုသံတွေပါလာတတ်တဲ့ကောင်မလေး
ငါနင့်ကို
အရမ်းချစ်တာပဲကောင်လေးရယ် လို့ ခဏခဏ တဖွဖွပြောတတ်တဲ့ကောင်မလေး ငါ့နင့်ကိုအရမ်းချစ်တယ်ကောင်မလေးရယ်
ကောင်မလေးရဲ့ အသက်ရှူသံတိုးတိုးလေးကို ကောင်လေးချစ်တယ်
ကောင်မလေးရဲ့ ရယ်သံလွင်လွင်လေးကို ကောင်လေးချစ်တယ်
တခါတလေ စိတ်တိုအော်ငေါက်တတ်တဲ့ ကောင်မလေးရဲ့ အသံစူးစူးလေးကိုကောင်လေးချစ်တယ်
နင်ဆိုပြတဲ့ သီချင်းလေးတွေ ကိုကောင်လေးချစ်တယ်
ပြန်လာခဲ့ပါကောင်မလေးရယ်...
ကောင်လေး ရူးရပါတော့မယ်...
နင်ပြောသမျှ ငါလက်ခံပေးခဲ့တာ
နင့်ကိုချစ်လို့ပါ
နင်ညာနေမှန်းသိရက် ငါကျေကျေနပ်နပ် ယုံပြခဲ့တာ နင်ကျေနပ်ဖို့တစ်ခုတည်းပါ
ဒီကောင်ငတုံးပါ ဆိုပြီး နင်ထားခဲ့ဖို့ဖြစ်လာတယ်
နင်ထားခဲ့ရလောက်အောင်
ငါဘာများမှားခဲ့လို့လဲ ကောင်မလေးရယ် ...
ငါ့ဘ၀ ရဲ့ ကြိမ်စာတွေ ဆို လည်း ဒီဘ၀ဒီမျှပါပဲ
ကောင်မလေးရေ ... အငြိုးတွေကျေအေးလို့ ကြိုးတွေဖြည်ပေးပါတော့
ငါမှားခဲ့တယ်ဆိုရင်လည်း ကျေပါ
နင်အငြိုးကြီးတယ် ဆိုရင်လည်း ပြေပါ
နင်နဲ့ငါ့ကြားဖြတ်ဖြတ်သွားမယ့်
လေပြည်တွေ ကို တောင် ကောင်လေးအရမ်းမုန်းခဲ့တာပါ
လမ်းခွဲတွေရောက်တိုင်း ဒို့လက်တွေတွဲထားကြမယ် ဆို
ငါငိုနေပါတယ်ကောင်မလေးရယ်..
နင်အရမ်းချစ်ပါတယ်ဆိုတဲ့ ကောင်လေးလေ
နင်ပို့ထားတဲ့message လေးတွေ ကို အကြိမ်ကြိမ် ပြန်ဖတ်တုန်းပါ
နင်ရှိမယ့် အရပ်ကိုငေး နင်ကြိုက်တဲ့သီချင်းလေးတွေ
ငါဆိုပြနေတုန်းပါ
သူငယ်ချင်းတွေကပြော တယ်
ဒီကောင်ရူးသွားပြီတဲ့
ဆရာဝန်ကပြောတယ် ရက်ရှည် ဆေးရုံတင်သင့်ပြီတဲ့
ငါရူးသွားပြီလား ငါမရူးပါဘူးကောင်မလေးရယ် ငါနင့်ကိုသတိရနေသေးတယ်
နင်မကြားပေမယ့် ငါစကားတွေပြောနေတုန်းပါ
နင့်အတွက် သီချင်းတွေ ဆိုတိုင်း
ငါ့မျက်လုံးထဲကကျကျလာတဲ့
ငါ့မျက်ရည်တွေ ကို မေးကြည့်ပါ
ငါနင့်ကိုချစ်တုန်းပဲ
အရင်လို ချစ်နေတုန်းပါ ကောင်မလေးရယ် .....
အရာရာအဆင်ပြေပါ တယ်
နင့်ရယ်သံလွင်လွင်လေး
မကြားရတာက လွဲရင်ပေါ့
အရာရာအဆင်ပြေပါ တယ်
နင့် အသက်ရှူသံတိုးတိုးလေး
မကြားရတာကလွဲရင်ပေါ့
အရာရာ အဆင်ပြေပါတယ်
လွမ်းလွန်းလို့ပါ ကောင်လေးရယ်ဆိုပြီး
ဖုံးခနခနဆက်မယ့် နင်မရှိတာကလွဲရင်ပေါ့
အရာရာ အဆင်ပြေပါတယ်
ဘယ်ဘက်ရင်အုံအောက်က
တစ်ဆစ်ဆစ်ကိုက်နေတာကလွဲရင်ပေါ့
အရာရာအဆင်ပြေပါတယ်
ငါ့ပါးပြင်ပေါ်က မခြောက်နိုင်တဲ့ မျက်ရည်တွေကလွဲရင်ပေါ့
အရာရာအဆင်ပြေပါတယ်
အရှေ့အရပ်ကို ငါငေး
သီချင်းလေးတွေ ဆိုပြတိုင်း
နားထောင်ပေးမယ့် နင်မရှိတာကလွဲရင်ပေါ့
ကောင်မလေးရေ...
ပြန်လာခဲ့ပါတော့ နော် ...
ငါ့ နှလုံးသားတ၀ိုက်
တဆိုက်မတ်မတ်ဖြစ်တည်နေတဲ့
ခန်းလုံးပြည့်အလွမ်းတွေက
ကောင်မလေး နင့်တစ်ယောက်အတွက်သာ
ဖြစ်တည်ပြီး
ကောင်မလေး
နင်တစ်ယောက် သာ
ကုစားနိုင်မှာ မို့ပါ.....။ ။
Subscribe to:
Post Comments (Atom)
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး
-
အဝေးမှာလည်း နေဖြစ်တယ် အချစ်တို့များစွာလည်း ကျန်ရစ်နေတယ် ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း ... မျှော်လင့်လို့ကောင်းတဲ့ ရ...
-
သမုဒယတွေ ဘယ်လောက်ပဲ ပမာဏ တိုးခဲ့ တိုးခဲ့ ကိုယ်ပိုင်သီအိုရီတွေနဲ့ ရင်ခုန်သံတွေကို နယ်စည်းခြားစေခဲ့တယ်။ ဆောက်တည်လက်စတွေကို မက်မောရင်း ...
-
အပြုံးလေးနဲ့ ချစ်သူ ... နှလုံးသားလေးကို ဆောင် ကျဉ်းယူ ... နှလုံးသားလေးလည်း ပဲ့ကြွေခိုက် ... သူ့ခြေစုံမှာ .. ဒူးထောက်လျက် ... မုန်း...
-
❀ ချစ်သူမင်းနဲ့ဒို့ရဲ့အချစ်က လေလှိုင်းလေးထဲကနေ စတင်ခဲ့ကြတာပါ❀ ❀ မင်းဒို့ကိုမချစ်တော့ရင် ပြောလိုက်ပါ။ဒါပေမယ့် မေ့ပစ်ဖို့တော့မပြောပါနဲ့ ❀ ❀...
-
ငါ့အနားက နင်ထွက်သွားတိုင်း “ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့် နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်း နင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ...
-
အရမ်းလွမ်းတယ်......ချစ်သူ တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ် ..ဒါပေမဲ့ ငါတို့ ရင်ထဲမှာေ...
-
ချစ်တတ်ဖို့ရာ လွယ်ပါတယ် မုန်းမေ့ဖို့ရာ ခက်လှပါတယ်.................... မင်းကိုချစ်မိနေတဲ့နှလုံးသားက မင်းလေးကိုမုန်း မေ့ဖို့ရာမစွမ်းသာပြ...
-
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း လူမသိ သူမသိ အရှုံး အသစ်တွေနဲ့ ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။ အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခ...
-
ငါဘယ်လောက်ပဲလွမ်းတယ်ပြောပြော မင်းငါ့ကိုယုံကြည်မှာမဟုတ်ဘူး.. ... ငါဘယ်လောက်ချစ်တယ်ပြောလည်း မင်းခံစားရမှာမဟုတ်ဘူး........ မင်းနဲ့ပက်သက်တ...
-
စိတ်ညစ်တယ်..ချစ်သူ. အပြစ်မဲ့..စကားလုံးတချို့ နဲ့ .. ငါ့ကို.ပိုးစိုးပက်စက်..ရိုက်နှ က်.. ငါ့ဘ၀မှာ...နင်က..တခုတည်းသော..မှီတွယ်ရာပါဟာ.. ဒဏ...
No comments:
Post a Comment