ရိုးသားတယ်
ဒါပေမယ့်ပွင့်လင်းတယ်
ထိန်းချုပ်မှုတွေနဲ့ ဘောင်ခတ်ထားတယ်
လွတ်လပ်မှုတွေနဲ့ အနားသတ်ထားတယ်။
သာတူဝေမျှစိတ်ရှိတယ်
အနစ်နာခံစိတ်နဲ့ စွန့်လွှတ်တတ်တယ်
သွေးသားမတော်ပေမယ့်
ဆိုးကောင်းခံစားရင်ဖွင့်လို့ရတယ်။
ငြင်းခုန်ရင်းစကားများကြတယ်
ချော့မော့ရင်းကြေလည်ကြတယ်
မပြေပြစ်တဲ့ဆက်ဆံရေးရှိလဲ
မာန်မာနကင်းကင်း ဆန္ဒရှင်းကြတယ်။
သမိုင်းစဉ်ဆက်ရှိခဲ့တယ်
ယနေ့အထိလဲရှိနေဆဲ
နောင်တွင်လဲ ရှိမှာပဲ
“သူငယ်ချင်း” တဲ့ကွယ်။
ဒါပေမယ့်ပွင့်လင်းတယ်
ထိန်းချုပ်မှုတွေနဲ့ ဘောင်ခတ်ထားတယ်
လွတ်လပ်မှုတွေနဲ့ အနားသတ်ထားတယ်။
သာတူဝေမျှစိတ်ရှိတယ်
အနစ်နာခံစိတ်နဲ့ စွန့်လွှတ်တတ်တယ်
သွေးသားမတော်ပေမယ့်
ဆိုးကောင်းခံစားရင်ဖွင့်လို့ရတယ်။
ငြင်းခုန်ရင်းစကားများကြတယ်
ချော့မော့ရင်းကြေလည်ကြတယ်
မပြေပြစ်တဲ့ဆက်ဆံရေးရှိလဲ
မာန်မာနကင်းကင်း ဆန္ဒရှင်းကြတယ်။
သမိုင်းစဉ်ဆက်ရှိခဲ့တယ်
ယနေ့အထိလဲရှိနေဆဲ
နောင်တွင်လဲ ရှိမှာပဲ
“သူငယ်ချင်း” တဲ့ကွယ်။
No comments:
Post a Comment