Monday, October 7, 2013

အဖြည့်ခံရဲ့ ရင်ခုန်သံအလွမ်း

ဇာတ်ခုံပေါ်မှာ နှစ်ပါးသွားခင်းနေချိန်
ငါဟာ စင်ဘေးက အရံခုန်မှာပေါ့
မင်းသားမောရင် အစားထိုးခန်း
ငါမပန်းတမ်း အသုံးတော်ခံဖို့
အမိန့်ချခံရလေရဲ့။ ။

ဘောလုံးပွဲ ကျင်းပနေချိန်
ငါဟာ ကွင်းဘေးက အရံခုံမှာပေါ့
နောက်တန်းလူမောရင် အစားထိုးကစားဖို့
ငါမပန်းတမ်း ကာကွယ်ရမှာ
နည်းပြဝမ်နီပေးထားလေရဲ့ ။ ။


ကောင်မလေး မင်းကစားဖို့
ငါဟာ မင်းရဲ့ အရံလူချစ်သူ
မင်းရည်းစားထားသွားခိုက်
ငါဟာ မင်းအတွက် အပျော်တမ်းချိတ်ဖို့
အရံခုံမှာထိုင်စောင့်နေဆဲပေါ့ ။ ။

ကြွေကျနေတဲ့ ခရေတွေတောင်
ကြွေခဲ့ပြီးလဲ မွှေးနေမှာဘဲ့
ပန်းခရေ မဖြစ်နိုင်တာတောင်မှ
မြူတစ်ပွင့် ငါဖန်ဆင်းနိုင်ခဲ့ရင်
ခရေ မင်းတော့လန်းဆန်းခြင်းနဲ့ ပိုပြီးမွှေးပါစေ ။ ။

မနက်ဖြန်များစွာဟာ
ငါ့အတွက်အသစ်သစ်သော 
အိပ်ဖန်စောင့် ပုံပြင်တွေပါ ။ ။

မျှော်လင့်တဲ့တစ်နေ့
ငါဟာ မင်းသား 
ငါဟာ တိုက်စစ်မှူး
ငါဟာ တရားဝင်ချစ်သူ
ငါဟာ ခရေပွင့်အတွက် နှင်းစက်

ခုတော့ အရံခုံမှာ အဖြည့်ခံလူတစ်ယောက်
လှည့်ကြည့်လိုက်တိုင်း ငါရှိနေမယ် ။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး