Monday, October 7, 2013
ပျောက်ဆုံးသွားခဲ့သော
လုပ်ပါ……….
သုံးနေကျရေလဲဝါကျများ..
ပုန်းနေကျနေ့ လွဲဝင်္ကပါများ..
ရှုံးနေကျစံလွဲအနာတရများ…
နာကျင်ခြင်းထက်
ဒဏ်ရာကိုပဲပိုဖက်တွယ်တတ်တော့
စွန့် လွှတ်ခြင်းကိုပဲ
ပိုင်ဆိုင်ခြင်းအနေနဲ့ 
ကျွမ်းတော့မယ့်မီးလုံးလိုပါပဲ……..
ပျက်စီးတော့မယ့်
တဒင်္ဂခိုင်မြဲမှု့ တွေမှာလည်း
မှိတ်တုပ်မှိတ်တုပ်လောက်တော့
အချက်ပြပါတယ်…..။
အလွယ်တကူလည်း…
မပေးတတ်တော့သလို
အလွယ်တကူလည်း….
မတောင်းတတ်တော့ဘူး…
ဆူးတွေပဲဆူးဖူးတော့..
တွေ့ တဲ့ပန်းတိုင်းကို
နှင်းဆီလို့ ပဲ…
အရှုးအမူးသတ်မှတ်လာတယ်…။
ဟူးးးးးး………..
နွေလည်ခေါင် မိုးချူန်းသံလို
နေ့ နဲ့ ညလွဲနေတဲ့
အသက်ရှုသံတွေ
ဖောက်လွဲဖောက်ပြန်ဖြစ်လာတယ်။
တစ်စုံတစ်ခုကို
ပေါက်ကွဲဖို့ ကြိုးစားတိုင်း…
သက်ပြင်းတွေပဲ
လက်လွတ်စပယ် ထွေးထုတ်မိတတ်တယ်။
တစ်စုံတစ်ရာကို
ဝမ်းနည်းဖို့ ကြိုးစားတိုင်း….
မျက်ဝန်းရဲ့မိုးစက်တွေကိုပဲ
မမေ့လျော့နိုင်ခြင်းအတွက်
ချဉ်ခြင်းတပ်မိတယ်……….။
တစ်စုံတစ်ခုကို
တွေးတောဖို့ အတွက်တော့….
သေစေချင်ခဲ့တဲ့စိတ်ကိုပဲ
ရှင်လျက်နဲ့ ဂူသွင်းပစ်လိုက်တယ်။
ဝရုန်းသုန်းကား သိတတ်ခြင်းများ
သွေးရှုးသွေးတမ်း ပျော်ရွှင်မှု့ များ
ရုပ်ပျက်ဆင်းပျက် ခမ်းနားခြင်းများ
စုဆောင်းမိချိန်၌………………..
ပိရမစ်တစ်ခု၏အထီးကျန်မှု့ လို
အနူးညံဆုံးပေါက်ကွဲမှု့ တစ်ခုနဲ့
အမှောင်တွေကြားမှာ
မျှော်လင့်ချက်လေးတစ်စ
တိုးတိုးလေးလက်သွားတယ်….။
ဒီလိုနဲ့ ပဲ……
အရာရာတိုင်းဟာ
ပြာစတွေအဖြစ်နဲ့ 
ထာဝရနေရာကျသွားခဲ့တယ်…
ထာဝရပဲနေရာကျသွားခဲ့ပါတယ်……….။
No comments:
Post a Comment
ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ
တပတ်အတွင်း လူအကြိုက်ဆုံး