စုတ်ပြတ်သတ်နေတဲ့စာအိတ်တွေထဲ
သဲသဲမဲမဲကို မင့်အချစ်လက်ကျန်ရှာဖွေမိတယ်
ပိုးကိုက်နေတဲ့ စကားလုံးတွေထဲ
ချစ်အရိပ်တော့ကျန်လောက်တယ်
ငါ့အချစ်(၁၂)နှစ်တိုင်ခဲ့ပြီ။
ခံစားချက်အဟောင်းတွေ မပြောင်းမလဲရှိဆဲ….
မင်းနှုတ်ခမ်းပါးတွေးမိရုံနဲ့
ရင်တွင်းဆန္ဒပြင်းရှဆဲ
အပြင်းအထန်ကို လွမ်းဆဲပါပဲ။
ဒီရင်ခွင် မင်းမရှိနိုင်တာသတိရမှ
ဘယ်ရင်ခွင်ရောက်နေမယ်မသိတဲ့မင်းကို
ဆန္ဒပြုရင်းလွမ်းတယ်
အခုထိ…. အသည်းနင့်အောင်ချစ်တယ်။
သဲသဲမဲမဲကို မင့်အချစ်လက်ကျန်ရှာဖွေမိတယ်
ပိုးကိုက်နေတဲ့ စကားလုံးတွေထဲ
ချစ်အရိပ်တော့ကျန်လောက်တယ်
ငါ့အချစ်(၁၂)နှစ်တိုင်ခဲ့ပြီ။
ခံစားချက်အဟောင်းတွေ မပြောင်းမလဲရှိဆဲ….
မင်းနှုတ်ခမ်းပါးတွေးမိရုံနဲ့
ရင်တွင်းဆန္ဒပြင်းရှဆဲ
အပြင်းအထန်ကို လွမ်းဆဲပါပဲ။
ဒီရင်ခွင် မင်းမရှိနိုင်တာသတိရမှ
ဘယ်ရင်ခွင်ရောက်နေမယ်မသိတဲ့မင်းကို
ဆန္ဒပြုရင်းလွမ်းတယ်
အခုထိ…. အသည်းနင့်အောင်ချစ်တယ်။
No comments:
Post a Comment