အချစ်လို့အမည်တပ်ကာ
သံသယတွေ အာစေးမှာထည့်
မခွဲနိုင်ပါဆိုပြီး သံယောဇဉ်နဲ့စည်းနှောင်
မင်းရဲ့စည်းဘောင်က နယ်ကျော်နေပြီ ။
နားလည်မှုတွေမပေး
ဝန်တိုမှုတွေကို အချစ်ဆိုပြီးထီးလုပ်ဆောင်း
မေတ္တာနဲ့ဘယ်လိုကာကာ
ငါ့ရင်ထဲမှာ မင့်စကားလုံးတွေကြောင့် နာလှပြီ။
ဇောက်ထိုးဆွဲထားတဲ့ ယုံကြည်ချက်
မင့်အတ္တလဲ တနေ့ထက်တနေ့ထူလာပြီပဲ။
မင်းကိုချစ်တဲ့ငါ့နှလုံးသား
စက်ရုပ်တော့မဟုတ်ဘူး
အပြင်းအထန်နာကြည်းတဲ့တနေ့
မုန်းတီးတတ်တယ် သိရဲ့လား …… ။

No comments:
Post a Comment