Sunday, October 13, 2013

နင့်ကို ချစ်တဲ့

အပြုံးတခုရဲ့နောက်ကွယ်မှာ
အမုန်းတွေ ကပ်ပါလာတာ ငါမသိလိုက်ဘူး
အမုန်းရဲ့ဒဏ်ကို အရှုံးနဲ့ ခံလိုက်ရမှ ငါသိလိုက်တယ်
နင်ပေးခဲ့တဲ့ အချစ်တခုက ရောင်စုံခြယ်သက်တံတခုလို
အမြင်မှာ လှပပေမယ့် မာယာစုံ ထောင်ခြောက်တခုဆိုတာ
ကြုံဖူးမှ သိလိုက်မိတယ် ကောင်မလေးရယ်...
ငါ့ထိုက်နဲ့ ငါ့ကံ ငါခံလိုက်ရတယ်ဆိုရင်
နင်ပြုသည့်ကံ နင့်ထံမပြန်နိုင်ပါစေနဲ့လို့
နင့်ကို ချစ်တဲ့ စိတ်တခုတည်းနဲ့ ငါဆုတောင်းပေးလိုက်ပါတယ်ဟာ..

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး