Sunday, October 13, 2013

"စိတ်တိုင်း မကျတဲ့ ဘ၀"

အရေထူတယ် ပြောမလားး
ထူထဲထဲ စိတ်ဓါတ်က
ပြုပြင်လို. မရတော့တဲ့
မီးကျွမ်း ခလုတ်တခုလိုပဲ

ကိုယ့်ဘ၀ကိုယ်
စိတ်မကျေနပ်ချက်က
၉ ကျော်ပြီး ၁၀ တောင်ရောက်တယ်
ပုထုဇဉ်မို. လောဘ ဆိုတာ
အတော် မှ မသတ်နိုင်ကြတာပဲလေ

ဖြစ်ချင်တာပဲရှိတယ်
အားထုတ်မှု တစုံတရာ မရှိဘဲ
တခါတခါ ကျုးံကျုံးအော်နေတော့
အသံသာ ၀င်သွားမယ်
အရာ ထင်မှာ မပာုတ်ဘူး

ဖူးစာ ဆိုတာ
ဦးနှောက် က တွက်ချက်
အသိစိတ်က လက်ခံ
စီးပွားရေး အောင်လက်မှတ်ရှိမှ
အတန်းတက်ဖို. စာရင်းသွင်းချင်တော့လဲ
ကျောင်းပြီး ဘွဲ.ရ ဖို.ကတော့ ဝေးမြဲ ဝေးဆဲ

အရွေးလွန်း ဂျီးထူ
ဇီဇာကြောင် အတွေးခေါင်လွန်းနေသလား
မေးခွန်းတွေ အချိန်ပေး ရှင်းမပြနိုင်ဘူးး
ကိုယ့် ယုံကြည်မှု နဲ. ကိုယ်ပဲ
မှန်တယ် ထင်ရင် ဘာမထီ အံတု
ဇွတ်မိုက်ချင်တာ ပင်ကိုယ်ဝသီ

ရောင့်ရဲ ချင်ရင် ဒီနေရာတင်ရပ်
ကျေနပ်စရာကောင်းပေမယ့်
ရပ်တန်. မရတဲ့ မောပာ လောဘ တွေကြောင့်
စိတ်တိုင်းမကျတဲ့ ဘ၀ ကိုပဲ
ရှေ့ နောက် ၀ဲ ယာ ဘက်ပေါင်းဆုံကကြည့်ပြီး
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အခါခါ
ဝေဖန် သုံးသပ် အော်ညည်းဆဲပဲ... ။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး