Sunday, October 13, 2013

နင်ပျော်ပါစေ

မြင်တာအစ ခင်တာအလယ်
ချစ်တာအဆုံး အမုန်းနိဂုံး ဆိုသလို

တွေ့ရှိခဲ့တယ် ငါ့နတ်သမီးလေး
ခင်ခဲ့မိတယ် သူငယ်ချင်းလို
ချစ်ခဲ့မိတယ် ရင်ဘက်ကြီးနဲ့
ပြန်ရလိုက်တဲ့ အမုန်းတရားတွေ
အရှုံးဇယားတွေ ရင်မှာ ထပ်လို့
အဖြူရောင်ကို ကာလာဆိုးမိတဲ့ငါပဲ မှားသလား
ရောင်စုံခြယ် ကာလာများနဲ့
ရင်ခွင်စုံ အလည်သွားတတ်တဲ့ နင်ပဲ မှားနေသလား

လောက ဓမ္မတာ သောက ဖွေရှာမိတဲ့ငါပဲ
မမြဲတဲ့ ခန္ဓာကိုယ်တွက် သောကတွေ ရတက်အေးစေဖို့
မောဟတွေ ငြိမ်းအေးရအောင် လောဘလဲ မတက်တော့ပါဘူး
ချစ်ဦးသူပျော်ရွှင်ဖို့တွက် နှုတ်ဆက်ကာ ထားခဲ့ပါ့မယ်
နင်ပျော်ပါစေ ချစ်ဦးသူရေ.........

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး