Tuesday, October 8, 2013

လွမ်းခွင့်မရှိတဲ့ လူ

ကောင်မလေးက

အဆုပ်ကင်ဆာ ဖြစ်လိမ့်မယ် ဆိုလို့

စီးကရက်ဖြတ်ခဲ့တာ

နှလုံးသားကင်ဆာဖြစ်ချင်လို့မှ

မဟုတ်တာ . .

ငါ့ညာလက်တစ်ဖက်နဲ့

ဘယ်ဘက်ရင်အုံကို

မလုံတလုံ ခပ်ဖွဖွ

ငါဖိထားလိုက်တယ်

ငါ့မျက်လုံးတစ်စုံ

အားယူအတင်းမှိတ်

ငါ့အရိပ်တွေငါမြင်နေတယ်

ငါ့ဦးခေါင်းကိုအသာမော့

အသက်ရှူဖို့ကျားကန်

အမှားအမှန်မဝေခွဲချင်တော့. . .

ငါ့ရဲ့ဘယ်လက်

နင့်အတွက်ဆန့်ထုတ်လိုက်တယ်

ကောင်မလေးရေ

ငါမရပ်တန့်ခင်

နင်ပြုံးနေတာ

မြင်သွားချင်ရုံလေးတစ်ခုတည်းပါ
ဟာ. . .

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး