Monday, October 7, 2013

ထာဝရ

ဆံစမှစ
စိမ့်စိမ့်ကြည့်ကာ
ချစ်နေတော့လည်း

လွမ်းလွမ်းဆွေးဆွေး
နွေတေးသီရာ
ဥသြကလည်း

ညို့ညို့မှိုင်းမှိုင်း
မိုးသားသွားရာ
တိမ်ဆန်တာလည်း

ငိုကြွေးမြည်တမ်း
စိတ်စွဲလန်းကာ
အိပ်မက်ရာလည်း

ပြုံးပျော်ရွှင်လန်း
ဘ၀င်ပန်းတို့
ပွင့်လန်းရာလည်း

အသိဥာဏ်လင်း
မျှော်လင့်ခြင်းတို့
ပေးစွမ်းရာလည်း

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး