Monday, October 7, 2013

လမ်းပျောက်သူ

ချစ်သူအတွက် ရည်စူး….
ပန်းလှလှလေး ငါ.ခူးခဲ့သည်..
ရင်ထဲမှာ ကြည်နူးမိသည်
နင် ပိုလှအောင်ကူညီလိမ့်မည်
ပန်းလေးကပေါ့ အတည်…
ချစ်သူ နဲ့ ပန်း
တင့်လမ်းကာ လှတော့မည်
ရင်ထဲမှာ ထင်ခဲ့မိသည်….ပေါ့
သို့ပေမယ့် ကောင်မလေးရယ်
ငါ.ရောက်လာတော့ ကြေကွဲရတယ်
ငါ ပေးမယ့်ပန်းက..
နင့်ကေသာ ဆံဦးထက်ဝယ်
နေရာမရနိုင်တော့ဘူး.တကယ်
အလာကောင်းခဲ့ပေမယ့် အခါနှောင်းခဲ့ပြီမို့
ငါ့ ၇င်ထဲမှာတကယ်..
ပန်းလေးကို သနားမိတယ်…
ပိုင်ရှင်မဲ့ သူကြွေလွင့်ရတော့မယ်…လေ
ပန်းလေးနဲ့ အတူ…
နှလုံသွေးကို ပေးဆပ်လိုသူ
ငါလိုလူရဲ အဖြစ် ငါလိုလူရဲ့ အချစ်တွေကို..
ဘယ်သူကမှ  မသိ.
နင်ကလည်း သတိမထားမိပေါ့…လေ
သတိထားမိသည်က ပန်းလေးပါပဲပေါ့..
ပန်းလေးကလဲ မျက်ရည်ဝဲ
ငါတစ်ယောက်လည်းပဲ ကြိတ်ကြေကွဲ….
သြော်…အဖြစ်တွေက
အတူတူပဲ မို့ ပေါ့….လေ
ကောင်မလေးရေ…..
ငါ တကယ်လမ်းပျောက်နေ..ပြီ.လေ
( ခံစားချက်ရှိသူတိုင်း အတွက်ပါ..ဗျာ )

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး