Wednesday, October 30, 2013

သနပ်ခါးရနံ့


~~~ချစ်သူ နင် သိပ်မြတ်နိုးပါတယ် ဆိုတဲ့
~~~သနပ်ခါးရနံ့ သင်းသင်းလေးနေရာမှာ
~~~ညှိ့အားပြင်းပြင်း ရေမွေးနံ့ တစ်ချို့ နေရာယူနေခဲ့ပြီ ...

~~~နင် သိပ် ချစ်ပါတယ် ဆိုတဲ့
~~~ငါ့ နှတ်ခမ်းနီစွေစွေလေးလည်း
~~~ ရောင်စုံ ကာလာတွေနဲ့နေသားကျနေခဲ့ပြီ...

~~~သွားစွယ်ချွန်ချွန်လေးတွေနဲ့ အသံတိတ်ရယ်မောတက်တဲ့
~~~(နင် သဘောကျခဲ့တဲ့) ငါ့ ရယ်သံလေးတွေမှာ
~~~မေ့ ပြုံးတစ်ဝက် ခိုတွယ် နေခဲ့ပြီ......


~~~ဖြူစင်တဲ့ အကြည့်တွေနဲ့
~~~လှိုက်လှဲစွာပြုံးတတ်တဲ့ ငါ့ ကို
~~~ရက်ရောတဲ့ အချစ်တွေနဲ့ လာကမ်းလှမ်းကြတော့
~~~အယုံ အကြည်မရှိတဲ့ ငါ့ နှလုံးသားနဲ့
~~~ငါ့ အကြည့်တွေ မာကြောလာခဲ့တယ်


~~~ပွင့်လင်း ရိုးရှင်းစွာရှင်သန်ခဲ့တဲ့ ငါ့ ရဲ့ပုံရိပ်ဟောင်းလေးတွေကို
~~~နင် မြတ်နိုးစွာ တမ်းတနေမယ် ဆိုတာ ~~~ငါနားလည်ပါတယ်ချစ်သူ .....

~~~သဘာဝ ကိုချစ်မြတ်နိုးတဲ့ ငါက
~~~လောကဓံရဲ့ ရိုက်ချက်ကြောင့်
~~~ကြွေကွဲမှု ဝမ်းနည်းမှု တွေနဲ့
~~~ရင်ဆိုင်ပြီးတဲ့နောက်
~~~ငါ့ရဲ့စိတ်အစဉ်က တဖန်အသစ်ပြန်ဖြစ်တည်ခဲ့ရတာပါ ချစ်သူ..

~~~ဒါပေမဲ့
~~~ငါ့ ရဲ့သံမဏိ နှလုံးသားတစ်စုံက
~~~သိပ်ချစ်ရတဲ့ နင် ကလွဲရင်
~~~အစားထိုးဖို့ ဗလာ နတ္တိဖြစ်နေခဲ့တယ်....

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး