Wednesday, October 30, 2013

" အချစ်ရယ်အဆင့်ရယ်တရားရယ် "

ရူပါကချူချာ၊ တော်ကီကနုံချာ
ပညာမတတ် ၊ ဥစ္စာငမွဲ
နေရာအရပ်ဇနပုတ်က
ငါလိုတောသားလူ.ဆင်းရဲလည်း
(ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲံ့)လူတွေထဲက
လူတစ်ယောက်မို.
ချစ်တတ်ခင်တတ်ကြင်နာတတ်တယ်
နင်လိုအလှပဂေး
ဥစ္စာပေါ ၊ ရုပ်ချော
မြို.ကြီးသူပညာတတ်ကို
မတူကွာခြားအဆင့်တန်းကြောင့်
မချစ်ရတော့ဘူးတဲ့လား
နင်တို.ပြောတဲ့မတူကွာခြားအဆင့်အတန်း
မည်သို.မည်ပုံမည်သည့်ပေတံနှင့်တိုင်းတာမည်နည်း
နင်တို.ပြောတဲ့အလှတရား လူတစ်ယောက်အဆင့်အတန်းလား
နင်တို.ပြောတဲ့ချမ်းသာစည်းဇိမ်ကြောင့်ပဲတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ပြီတဲ့လား
ပညာတတ်တိုင်းကောအဆင့်တန်းရှိနေပြီတဲ့လား
သေ လျှင် ပုတ်မည့်ဤ ခန္ဓာ နှင့်
သေရင်ယူသွားမရတဲ့ဒီဥစ္စာစည်းဇိမ်ကြောင့်
မာန်တက်နေလေရောသလား
သံဝေဂတရားလက်ကိုင်ထားလို.
တရားထောက့်ရှူ၊ သတိမူလို.ဂူမြင်ရအောင်
ငါလေအမုန်းခံကာပြောမည်
ငါလိုတောသား ဇနပုတ်ကလူ.ငမွဲကို
မှန်တာပြောလို.ရွာပြင်ထုတ်လည်း
မုန်.ဖက်ထုပ် စားပြီး
ှုဌက်ပျောတုန်း ဖက်ကာအိပ်ပြလိုက်မယ်

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး