Thursday, October 31, 2013

ချစ်မေတ္တာ ( 1)

ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို သူမ လှသလားလို့ မေးတော့ ကောင်လေးက “မလှဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ သူမနဲ့အတူ ထာဝရ နေချင်သလားလို့မေးတော့ ကောင်လေးက “မနေချင်ဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ အဲဒီနောက် သူမသာ အဝေးကို ထွက်ခွာသွားမယ်ဆိုရင် သူ ငိုမှာလားလို့ မေးလိုက်တော့ ကောင်လေးက “မငိုဘူး”လို့ပဲ ပြန်ဖြေပါတယ်။ ကြားရတာ လုံလောက်ပြီဖြစ်တဲ့အတွက် သူမ အဝေးကိုထွက်ခွာဖို့ လိုအပ်လာပါပြီ။
သူမ အဝေးကို စတင်ထွက်ခွာတဲ့အခါ သူဟာ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏနေပေးဖို့ ပြောဆိုပါတယ်။ သူက ပြောလာပါတယ်။ “မင်းဟာ မလှဘူး။ ချစ်စရာ ကောင်းတာပါ။ ကိုယ် မင်းနဲ့အတူ ထာဝရ မနေချင်ပါဘူး။ မင်းနဲ့အတူ ထာဝရ ရှိနေဖို့ပဲ လိုအပ်တာပါ။ ပြီးတော့ မင်းအဝေးကို ထွက်ခွာသွားတဲ့အခါ ကိုယ် မငိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ် သေသွားနိုင်လို့ပဲ”
…………………………………………………………..

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး