Friday, October 25, 2013

ခဏတာ

ချစ်သူ........

နင်ရေးတဲ့ ဇာတ်ညွှန်းထဲကလို
ငါက အလိုက်သင့်လေး
ပါဝင်ကပြနေတယ်လို့
နင်ထင်နေရင် မှားတာပေါ့
တကယ်တော့ မောင်းခလုတ်
တင်ထားတဲ့ သေနတ်လို
ငါ့စိတ်က အသင့်ရှိနေခဲ့
ခဏတာ အချစ်အတွက်
တစ်ဘ၀စာ ပေးဆပ်ဖို့ထိ
ငါ မိုက်ရူးရဲ မဆန်ဘူး
သေချာတယ်
ငါ့ကိုယ်ငါလောက်
နင့်ကို မချစ်နိုင်တာတော့

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး