Friday, October 25, 2013

ချစ်သူ..................



နင်နဲ့ချစ်ခဲ့တဲ့သက်တန့်တံတားလေးကို

ပြိုကျပျက်စီးစေမယ့်ကမ်းပါးမျိုးတွေ

ငါတစ်ခါမှမဖန်ဆင်းခဲ့ဘူး

လမ်းပေါ်ကဘူးခွံတစ်လုံးကို ယောင်လို့တောင်

မကန်ဘူးခဲ့တဲ့ငါ.....................

ခွဲခွာခြင်းဆိုတဲ့တမာသီးကို မမြည်းရဲဘူးချစ်သူ

“အီစွပ်” ရဲ့ပုံပြင်ထဲက မြေခွေးတစ်ကောင်လို

ဒီစပျစ်သီးချဉ်ပါတယ်ကွာလို့ ပြောဖို့နေနေသာသာ

ငါဘာများဟန်ဆောင်ခဲ့ဘူးပါသလဲ

ကြားစကားတွေပုံပြင်အမှတ်နဲ့ နင်နားထောင်နေတာတွေ

ပိတ်ပစ်လိုက်မယ်ဆိုရင်

ဧဒဉ်ဥယျာဉ်ဆိုတာနင့်အနားမှာပါ
ကဗျာ.... ကောင်းလားးးးးးးးးးးး

နင်နဲ့ချစ်ခဲ့တဲ့သက်တန့်တံတားလေးကို

ပြိုကျပျက်စီးစေမယ့်ကမ်းပါးမျိုးတွေ

ငါတစ်ခါမှမဖန်ဆင်းခဲ့ဘူး

လမ်းပေါ်ကဘူးခွံတစ်လုံးကို ယောင်လို့တောင်

မကန်ဘူးခဲ့တဲ့ငါ.....................

ခွဲခွာခြင်းဆိုတဲ့တမာသီးကို မမြည်းရဲဘူးချစ်သူ

“အီစွပ်” ရဲ့ပုံပြင်ထဲက မြေခွေးတစ်ကောင်လို

ဒီစပျစ်သီးချဉ်ပါတယ်ကွာလို့ ပြောဖို့နေနေသာသာ

ငါဘာများဟန်ဆောင်ခဲ့ဘူးပါသလဲ

ကြားစကားတွေပုံပြင်အမှတ်နဲ့ နင်နားထောင်နေတာတွေ

ပိတ်ပစ်လိုက်မယ်ဆိုရင်

ဧဒဉ်ဥယျာဉ်ဆိုတာနင့်အနားမှာပါ ချစ်သူ..................

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး