Friday, October 25, 2013

သံသရာ

သံသရာ
ဝေးရမလား
ဆွေးရမလား ငါမသိ
ဒါပေမယ့်
မဆုံတတ်တဲ့ ကံတရားရယ်
မဆုံနိုင်တဲ့ ကံရယ် တွေ့မှတော့
နင်နဲ့ငါ
ဘယ်လိုဆက်လျှောက်မလဲ
လ နဲ့ ပင်လယ်
ထိတွေ့ခွင့်မရှိပေမဲ့
မြင်နေခွင့်တော့ ရှိတယ်လေ
လမင်းရဲ့ အလင်းအား
ပင်လယ် မခန့်မှန်းနိုင်သလို
ပင်လယ်ကြမ်းပြင်
လမင်းမမြင်ဖူးခဲ့ဖူးလေ
တကယ်တော့ဟာ
သတ်မှတ်ပြီးသား
ကံကြမ္မာကို ပြောင်းလဲပစ်ဖို့
နင်လည်းမတတ်နိုင်သလို
ငါလည်း မတတ်နိုင်ခဲ့ဘူး
ဘ၀ကသာ နေညိုချိန်နီးကပ်လာတာ
ငါ့အတွက်
မိုးတစ်ခါမှ မလင်းခဲ့ဖူးဘူး....

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး