Friday, October 25, 2013

ပုစ္ဆာတစ်ပုဒ်ဆိုတာ

ရည်းစားတဲ့လား
ချစ်သူတဲ့လား
သူငယ်ချင်းတဲ့လား
ဒီအတိုင်းပဲတဲ့လား
မေးခွန်းများစွာ ငါမေးဖို့မကြိုးစားဘူး
ချစ်သူ
နှလုံးသားတွေကို ဆော့ကစားရတာ
နင့်ဝါသနာဆိုရင်
နှလုံးသားတွေကို ကယ်ဆယ်ပေးရတာ
ငါ့ဝါသနာဖြစ်လိမ့်မယ် ချစ်သူ
ကမ်းပျောက်နေတဲ့ လှေငယ်ကို
ကမ်းမြင်အောင် လမ်းပြပေးတဲ့
ရေလှိုင်းလေးဟာ
လှေငယ်လေးကမ်းကပ်တဲ့ အချိန်
နောက်ပြန်ဆုတ်သွားရတာ
ဓမ္မတာပါပဲ ချစ်သူ
ဘယ်အချိန် ပြန်လာရမလဲ
ဘယ်အချိန်ပြန်ထွက်သွားမယ်
ရေရေ ရာရာအဖြေမသိတဲ့
ပုစ္ဆာတွေကို အဖြေလိုက်ထုတ်ဖို့
ငါမကြိုးစားပါဘူး ချစ်သူ
ဘာကြောင့်လဲဆိုတော့
အချစ်ဆိုတာ ဖြေရှင်းမရတဲ့
ပုစ္ဆာတစ်ပုဒ်ဆိုတာ
ငါသိထားလို့လေ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး