Monday, October 7, 2013

၇လာဒ်အမှား

မျှော်လင့်၇င်းနဲ့ ငါ့အချစ်တွေ
ဝေး၇မှာ သေချာပါတယ်။
၇င်မှာချည်နှောင်ထားတဲ့ ကြိုးကလည်း
မတည်မြဲပါလား… ချစ်သူ
သံယောဇဉ်ဦး မခူးတတ်တော့
ငါ ၇ူး၇မှာ သေချာပါတယ်။
မမုန်းတတ်သေးတာ
ငါ ကပဲမှားနေတာလား.. ချစ်သူ
မင်းအကြိမ်ကြိမ် သင်ပေးခဲ့ပေမယ့်
ဒီပုစ္ဆာကို အဖြေထုတ်လိုက်တိုင်း
အချစ်၊မေတ္တာ၊မြတ်နိုးမှုတွေပဲ၇နေတယ်။
အမုန်းဆိုတာ ဘယ်မှာ၇ှာ၇မလဲ
ငါ မသိဘူး ချစ်သူ..
သင်ပေးတိုင်း မတတ်တာ
ငါ ညံ့ဖျင်းလို့ပဲဖြစ်မှာပါ။
ဘယ်လို့ကြိုးစားကြိုးစား
ဖြစ်မှမဖြစ်နိုင်တာ
မုန်းမှ မမုန်းတာ
အဲဒီတော့ …
ဒီပုစ္ဆာကို ငါ မဖြေဘူး … ကျော်တယ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး