Sunday, October 6, 2013

မရည်ရွယ်ပေမယ့်- – -ရက်စက်တဲ့အပြုံး

ချစ်သူ
ရင်မှာနင့်အောင် ချစ်ခဲ့ပေမယ့်
မင်းရှိတဲ့ဆီ မလှမ်းရဲဘူး
အဝေးကသာ ကြည့်လို.ပြုံးပြရတယ်
မင်းအပြုံးတွေကို ငါမမေ့သေးဘူး။
မချစ်မိခင်က ငါ့အတွက်
မင်းအပြုံးတွေက ငြိမ်းချမ်းပေမယ့်
ချစ်ခဲ့မိတဲ့ ငါ့အတွက်
မင်းအပြုံးတချက်က
ဓားသွားတလက်လိုပါပဲ
မရည်ရွယ်ပေမယ့် မင်းရဲ့အပြုံးက
ငါ့ရဲ့ရင်ကို ခွဲခဲ့လေပြီ ချစ်သူရယ်။
ငါမင်းကို ချစ်တယ်ဆိုတာကို
ဘယ်သူ့ကိုမှ ရင်မဖွင့်၇ဲလို့
တိတ်တိတ်သာငို
ဆိတ်ဆိတ်သာဆွေး
ငါ့အတွေးနဲ့ငါ မျောလွင့်ခွင့်ကိုတော့ဖြင့်
ပေးလှည့်ပါတော့ ချစ်သူ၇ယ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး