အလွမ်းနှလုံးသား တစ်စုံနဲ့
အချစ် ကဗျာတစ်ပုဒ်ကို ထုဆစ်
ကြည်နှုးမှုကို သက်သေထား
နေရာဟောင်းကိုပဲ ပြန်သတိရနေမိတယ်..
လွမ်းဆွတ်ရပါတယ် သက်ထားရယ်
မင်းနဲ့အတူ ရှိခဲ့ဖူးတဲ့ နေ့ရက်တွေကို
ပြန်လိုချင်မိတာ မိုးနဲ့မြေသက်သေပါ…
လူတချို့က ပြောကြတယ်
အချစ်ဆိုတာ ရယူခြင်းတဲ့
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့
အချစ်ဆိုတာ အနစ်နာခံခြင်းတဲ့
အချစ်ဆိုတာ ဆေးတဲ့
အချစ်ဆိုတာ ဘေးတဲ့
ငါအတွက်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပါပဲ….
အချိန်တိုင်း ရှိနေချင်တာမင်းနဲ့
မခွဲတမ်း အပြုံးနဲ့ရှိနေချင်တာ အမြဲတမ်းပဲ..
ဖွဲ့လို့မမှီတဲ့ မင်းအပြုံး
တသက်လုံးပဲ မြင်ချင်မိတယ်….
ရင်ထဲက စကားတစ်ခွန်း
မင်းအတွက် သိမ်းထားဆဲပါ…
ပြောမကုန်တဲ့ ချစ်စကား
မပြောတတ်လောက်အောင် ချစ်တာကို
မင်းသိနိုင်မလား……….ငါစိုးရိမ်ခဲ့….
မနေနိုင်အောင် လွမ်းဆဲ
မယုံနိုင်အောင်လည်း ချစ်မိခဲ့
အတူတူနေချင်လှပြီ မင်းနဲ့….
ခေါင်းစဉ်တပ်ဖို့လည်း မသိ
ချစ်တာကို တစ်ခုတည်းသိ
ဇွတ်တရွတ် ချစ်မိတော့
ငါရင်မှာ အက်တက်….
အချစ် ကဗျာတစ်ပုဒ်ကို ထုဆစ်
ကြည်နှုးမှုကို သက်သေထား
နေရာဟောင်းကိုပဲ ပြန်သတိရနေမိတယ်..
လွမ်းဆွတ်ရပါတယ် သက်ထားရယ်
မင်းနဲ့အတူ ရှိခဲ့ဖူးတဲ့ နေ့ရက်တွေကို
ပြန်လိုချင်မိတာ မိုးနဲ့မြေသက်သေပါ…
လူတချို့က ပြောကြတယ်
အချစ်ဆိုတာ ရယူခြင်းတဲ့
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့
အချစ်ဆိုတာ အနစ်နာခံခြင်းတဲ့
အချစ်ဆိုတာ ဆေးတဲ့
အချစ်ဆိုတာ ဘေးတဲ့
ငါအတွက်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပါပဲ….
အချိန်တိုင်း ရှိနေချင်တာမင်းနဲ့
မခွဲတမ်း အပြုံးနဲ့ရှိနေချင်တာ အမြဲတမ်းပဲ..
ဖွဲ့လို့မမှီတဲ့ မင်းအပြုံး
တသက်လုံးပဲ မြင်ချင်မိတယ်….
ရင်ထဲက စကားတစ်ခွန်း
မင်းအတွက် သိမ်းထားဆဲပါ…
ပြောမကုန်တဲ့ ချစ်စကား
မပြောတတ်လောက်အောင် ချစ်တာကို
မင်းသိနိုင်မလား……….ငါစိုးရိမ်ခဲ့….
မနေနိုင်အောင် လွမ်းဆဲ
မယုံနိုင်အောင်လည်း ချစ်မိခဲ့
အတူတူနေချင်လှပြီ မင်းနဲ့….
ခေါင်းစဉ်တပ်ဖို့လည်း မသိ
ချစ်တာကို တစ်ခုတည်းသိ
ဇွတ်တရွတ် ချစ်မိတော့
ငါရင်မှာ အက်တက်….
No comments:
Post a Comment