Sunday, October 6, 2013

အလွမ်းတွေ ရှိတဲ့ အရပ်ဆီ

မနေ့က လွမ်းတယ်
ဒီနေ့  တမ်းတတယ်
မနက်ဖြန် ဘာဖြစ်မှာလဲ…

ယုံချင် ယုံ   မယုံရင်နေ
အလွမ်းတွေ မရှိရင် ငါမနေတတ်ဘူး…
မင်းကိုမလွမ်းရပဲနဲ့  ငါမနေတတ်ဘူး…

အခုည…
အလွမ်းတွေ ခံစားလိုက်တော့
ငါ့ရှေ့မှာ ကြယ်ကလေးက
လင်းလိုက် မှိန်လိုက်နဲ့

ဘယ်လို ရပ်တန့်ရမှန်းမသိပါပဲ
ညသင်ပုန်းပေါ်က
စာလုံးတွေက
ပိုးစုန်းကြူးတွေ အကြောင်း
ရှင်းပြနေကြတာ
ငါ့မျက်လုံးတွေက ကျိန်းစပ်လို့

သူ့အပြုံးတွေပဲ လွမ်းနေရတဲ့ အဖြစ်က
ကြယ်တွေငေးနေသလို ကျက်သရေ ရှိလိုက်တာ

လွမ်းတာတွေ သူသိစေချင် သလို
လွမ်းဖို့လဲ အခွင့်အရေးရဖူးချင်းတယ်
အလွမ်းတွေ အလွတ်ကျက်တိုင်းလည်း
သူ့အပြုံးတွေက တဖျစ်တောက်တောက်နဲ့
အလွမ်းတွေရှိတဲ့ အရပ်ဆီ…
နဂိုက သံယောဇဉ်နဲ့…
နီးရာကို ခြွေဆင်းခဲ့မယ်…
ဆုတောင်းတစ်ခုပြုလို့…

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး