Thursday, October 31, 2013

ချစ်မေတ္တာ စာစု ( 2 )


ဘက်ကာအမည်ရှိ ကောင်မလေးနဲ့ ဂျိုးအမည်ရှိ ကောင်လေးတစ်ယောက်တို့ ရှိခဲ့ဖူးတယ်။

ဘက်ကာဟာ မီးလောင်နေတဲ့ အိမ်တစ်လုံးထဲ ရောက်နေတယ်။

အလွန်အမင်း မီးစွဲလောင်နေတဲ့အတွက်ကြောင့် ဘယ် မီးသတ်သမားမှ အိမ်ထဲ မဝင်ရဲပါဘူး။

ဂျိုးဟာ မီးသတ်ဝတ်စုံတစ်စုံ ကောက်ဝတ်ပြီး အိမ်ထဲ ဝင်လိုက်တယ်။

လှေကားပေါ် သူ တက်လိုက်တဲ့အခါ သူ့အောက်က လှေကားထစ်တွေ ပြုတ်ကျကုန်တယ်။

သူမအခန်းထဲ သူရောက်တဲ့အခါ သူ့နောက်က တံခါးကို အသေပိတ်ပစ်လိုက်တယ်။

သူဟာ သူမကို တင်းကြပ်စွာဖက်၊ အနမ်းပေးပြီးနောက် သူမကိုချစ်ကြောင်း ပြောဆိုပါတယ်။

ဘာများ မှားနေလို့လဲလို့ သူမကမေးတော့ သူ သေတော့မှာလို့ ဖြေလိုက်ပါတယ်။

သူမ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားပြီး ငိုရှိုက်လိုက်တော့တယ်။

သူဟာ သူမကို ပွေ့ချီလိုက်ပြီး လေးထပ်တိုက်ပေါ်က ခုန်ချလိုက်တယ်။

ကောင်မလေးကို သူ့အပေါ်ထားပြီး သူ့ကျောနဲ့ မြေပြင်ပေါ် ကျသွားပါတယ်။

သူမဘဝကို ကယ်ဆယ်ဖို့အတွက် သူ သေသွားခဲ့ရတယ်။


…………………………………………………………

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး