Thursday, October 31, 2013

ချစ်မေတ္တာစာစု ( 3 )

ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ဟာ တစ်နာရီ (၁၀၀)မိုင်နှုန်း အကျော်ဖြင့် မော်တော်ဆိုင်ကယ်တစ်စီးကို စီးနေကြပါတယ်။
ကောင်မလေး။ ။အရှိန်လျှော့ပါဦး။ ကျွန်မ ကြောက်လို့ပါ။
ကောင်ကလေး။ ။မလျှော့ချင်ဘူး။ ပျော်စရာ ကောင်းပါတယ်ကွာ။
ကောင်မလေး။ ။ပျော်စရာ မကောင်းပါဘူး။ အတော် ကြောက်စရာ ကောင်းတယ်ရှင့်။
ကောင်ကလေး။ ။ဒါဆိုရင် ကိုယ့်ကို ချစ်တယ်လို့ပြောလေ။
ကောင်မလေး။ ။ကောင်းပါပြီ… ကျွန်မ ရှင့်ကို ချစ်တယ်။ အရှိန်လျှော့တော့လေ။
ကောင်လေး။ ။ခု ကိုယ့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်။ (ကောင်မလေးက ကောင်လေးကို ဖက်လိုက်တယ်။)
ကောင်လေး။ ။ကိုယ့်ခေါင်းက ဦးထုပ်ဖြုတ်ယူပြီး မင်းပဲ ဆောင်းလိုက်ပါလား။ ဒီဦးထုပ်က ကိုယ့်ကို အနှောင့်အယှက်ဖြစ်နေတယ်။
နောက်တစ်နေ့သတင်းစာတွင် ဒီလိုပါရှိပါတယ်။
မော်တော်ဆိုင်ကယ်တစ်စင်းဟာ ဘရိတ်ကျိုးပေါက်မှုကြောင့် အဆောက်အဦးတစ်ခုကို ဝင်တိုက်မိသွားပါတယ်။ ဆိုင်ကယ်ပေါ်မှာ လူနှစ်ဦးပါရှိတယ်။ ဒါပေမယ့် တစ်ဦးပဲ အသက်ရှင်ကျန်ရစ်တယ်။
တကယ်တော့ အဆင်းလမ်းတစ်ဝက်မှာ ကောင်ကလေးဟာ ဘရိတ်ကျိုးပေါက်သွားပြီဖြစ်ကြောင်း သိလာပေမယ့် ကောင်မလေးကိုတော့ မသိစေချင်မိပါဘူး။ နောက်ဆုံးအချိန်မှာ သူ့ကိုချစ်ကြောင်း ပြောခိုင်းပြီး ကောင်မလေးရဲ့ သိုင်းဖက်မှုကို ခံလိုက်ပါတယ်။ အဲဒီနောက် သူ သေသွားခဲ့မယ်ဆိုရင်တောင် ကောင်မလေး မသေဆုံးစေဖို့အတွက် သူမကို သူရဲ့ဦးထုပ် ဆောင်းခိုင်းလိုက်ခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး