Thursday, November 7, 2013

" နင့်အတွက် ငါ....ရှင်သန်နေမိသူ "



ပိုင်ဆိုင်ပြီးသား အချစ်တွေအိုဟောင်းမသွားဖို့ ဆက်ထိန်းရင်းနားလည်မှုတွေ မလစ်ဟင်းစေဘဲအမြဲမပြတ် တွယ်တာနေမိသူ……။

ဒဏ်ရာတွေနဲ့ ကြုံတွေ့ဖူးလည်းရင်မနာရက်ဘဲ ဆက်လက်တွဲနင်သာ ငါ့ရဲ့ အရာရာမို့ကြင်နာခြင်းတွေ အစဉ်ပေးဆပ်နေမိခဲ့သူ…..။

ရင်ခုန်ခြင်းတွေ မအေးစက် နင်ပြောင်းလဲမသွားစေဖို့အကြိမ်ကြိမ်ဆုတောင်းရင်းနင့်အနားရောက်ဖို့ ကြိုးစားနေမိတဲ့သူ…..။

အမုန်းမသိ အချစ်အတိနဲ့ပြီးစေကတိတွေ အတွေးနယ်ထဲသွင်းရင်းနင်ရှိနေမယ့်အရပ်ကို တိုင်တည်ဆုံစည်းမယ့်မနက်ဆိုတာကိုလည်း……စိတ်ကူးတွေနဲ့ အခါခါ ကျင်လည်နေမိသူ……။

အလွမ်းတွေဆိုးရွားတိုင်းနင့်သစ္စာတွေ ခိုင်မြဲနေစေဖို့ငါ့မနက်ကအစ ညဘက်တွေအဆုံး……ကံကြမ္မာကို တောင်းဆိုရင်းနင့်အတွက် ငါ…..ရှင်သန်နေမိခဲ့သူ……။ 

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး