Thursday, November 7, 2013

“ပြောပြချင်နေတဲ့ ခံစားချက် တချို့တ၀က်…..”



ငါ့တမ်းတရခြင်းတွေရဲ့ ပိုင်ရှင် အစဉ်အမြဲ နင် ယုံကြည်နိုင်ပါတယ်….
လိုအင်တွေအားလုံး…..နင်ဆိုတာနဲ့ ပြီးပြည့်စုံတယ်…..။

ငါ့ အိပ်မက်တွေရဲ့ စွမ်းဆောင်ရှင် အချိန်တိုင်း နင် ပျော်ရွှင်နိုင်ပါတယ်..
မနက်ဖြန်တွေအားလုံး…နင့်အတွက်ရည်စူးထားရင်း… ရှေ့ဆက်စေခဲ့တယ်…။

ငါ့ လက်ရှိတွေတိုင်းရဲ့ အရှင်သခင် ရင်တွေခုန်တိုင်း နင် လွမ်းဆွတ်နိုင်ပါတယ်…
သတိရမိခြင်းတွေအားလုံး နင့်တစ်ယောက်အတွက် ငါ ပုံအောထားတယ်…။

ငါ့ ပိုင်ဆိုင်ရခြင်းတွေရဲ့ အာဏာရှင်
အမှတ်တရတို့ ကြုံကြိုက်တိုင်း ရာနှုန်းပြည့် နင် ကြည်နှုးနိုင်ပါတယ်
ဖန်တီးခြင်း ရသတွေအားလုံး နင့်အဓိပ္ပါယ်နဲ့ ဖြစ်တည်လာတယ်….။

ငါ့ အရာရာတိုင်းရဲ့ တိုင်တည်မိခြင်း အရှင်
နေ့ရက်တို့ ကုန်ဆုံးတိုင်း နင် ၀မ်းမြောက်စွာ ကြိုဆိုနိုင်ပါတယ်
ကြင်နာခြင်းတွေအားလုံး နီးစပ်ခွင့်တစ်ခုကိုပဲ မျှော်လင့်နေတယ်…။

ငါ့ ခံစားချက်တို့ရဲ့ ပဲ့ကိုင်ရှင်
ဝေးကွာရခြင်းတို့ နိမိတ်ဖက်တိုင်း နင် သစ္စာတွေ ရေရွတ်နိုင်ပါတယ်..
ကတိတွေအားလုံး ထာဝရတည်မြဲ….ငါ နင့်အတွက်ပဲ……ဘာမဆို စတေးဖို့ ဆန္ဒတွေရှိခဲ့တယ်….။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး