Monday, October 7, 2013

ချစ်စကား

မပြင်ဘဲလှတဲ့မျက်နှာ
မကြည့်ဘဲနဲ့ညှို့နိုင်တဲ့သူ
မသွယ်တဲ့ကိုယ်ကလှပါတယ်
မဖြူတဲ့အဆင်းရဲ့သဘော
(ငါ့အတွက်) မင်းကညိုချော။
ရင်တွေတလှပ်လှပ်ခုန်လွန်းလို့
မင့်မျက်တောင်မပင့်ချင်ပါနဲ့
ငါ့စိတ်တွေဖျပ်ဖျပ်လူးသွားလိမ့်မယ်။
တောင်းဆိုခွင့်ရရင်
မင့်ပါးမို့မို့
ဒီကောင့်ဘ၀နဲ့
လဲသိမ်းထားချင်တယ်။
မင့်ဆံပင်ခွေခွေတွေလဲ
(နောင်တချိန်)ဆေးဆိုးပေးခွင့်
ငါပဲရချင်တယ်။
ရိုးမြေကျချစ်ခွင့်စကား
တဆိတ်လောက် မင်းနားဆင်ပါလား။
ဖ၀ါးအောက် ဒူးထောက်ချစ်ပါ့မယ်
ဒါ..ရာသက်ပန်ဆိုမယ့်စကား
မင်းအတွက် ချစ်စကား။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး