Monday, October 7, 2013

အချစ်စစ်

ငွေကြေးထိုးပေးရုံနဲ့
အချစ်ဆိုတာပေါ်မလာဘူး
အထင်ကြီးမှုက အချစ်မဟုတ်ဘူး။
လုပ်ပိုင်ခွင့်တွေက
အချစ်ကိုလုပ်မယူနိုင်ဘူး
ကြောက်လို့ငြိမ်နေတာ အချစ်မဟုတ်ဘူး။
ခန္ဓာကိုယ်ချင်းရင်းနှီးလို့
အချစ်ကိုမရယူနိုင်ဘူး
ရာဂသက်သက် ဒါအချစ်မဟုတ်ဘူး။
မျက်နှာဖုံးသုံးလဲ
အချစ်မရနိုင်ဘူး
မျက်နှာဖုံးကွာတဲ့တနေ့
အချစ်ကခွာတဲ့နေ့။
ရင်-ရင်-ချင်း-ရင်း မှ
အချစ်စစ်
ခံစားမှုတွေ ထပ်တူညီမယ့်
အချစ်စစ်။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး