သူ့ရဲ့အပြုံးတစ်ခုကိုတောင် မပြု့လုပ်ပေးနှိုင်တဲ့နောက် သူ့ရဲ့လက်ကို ကိုင်ဆွဲထားလို့ကလည်း ငါအတွက် အကျိုးမရှိတော့ဘူးပေါ့။
ငါ မရှိတော့တဲ့နောက်မှာ ကျေးဇူးပြူ့ပြီး သူ့ကို စောင့်ရှောက်ပေးပါ။
အမှတ်တမဲ့တွေကနေမှ အမှတ်တရတွေ ဖြစ်ပေါ်လာတာမို့ သူနဲ့ရှိနေတဲ့ နှစ်ယောက်အတူအချိန်လေးတွေကို တန်ဖိုးထားပေးပါ။
ပေပေတေတေနေတတ်တဲ့သူ့ကို မိုးရွာတဲ့နေ့တွေမှာ ထီးမဆောင်းပဲ မပြန်ဖို့ မမေ့မလျှော့ပြောပေးပါ။
အချိန်မှန် အိမ်ပြန်မရောက်ခဲ့ရင် အမြဲဖုန်းဆက်ပေးပါ။
မကြာခဏ နေမကောင်းဖြစ်တတ်တဲ့ သူ့အတွက် အမြဲစိုးရိမ်ပူပန်ပေးပါ။
င်ါတို့မလုပ်ဖြစ်ခဲ့တဲ့ အရာတွေ တော်တော်များများကို သူနဲ့လုပ်ပေးလိုက်ပါ။
တစ်ခြားသူနဲ့ဖုန်းခိုး ပြောရင် ဘာပြောမှန်း နားလည်နေရင်တောင်မှ မသိခြင်ယောင်ဆောင်ပေးပါ။ (ဒါဟာ နာကျင်မှန်းတော့ င်ါလည်း သိတာပေါ့)
ဘဝကိုပေါ့ပါးစွာနေလိုတဲ့သူ့ကို ကျေးဇူးပြူ့ပြီး တဘဝစာ လေးနက်ပေးပါ။
သူက သူပေးဖူးတဲ့ကတိကို မေ့လိုက်တိုင်း မနာကျင်ပါနဲ့။
သူရဲ့ အောင်မြင်မှူ့လေးတွေအကြောင်းပြော
သူက ထုတ်မပြောတတ်ပဲဝမ်းနည်းတတ်တယ် သူမှားခဲ့ရင်တောင်မှ ကိုယ်ကစပြီးပဲ စကားပြောပေးပါ။ သူ့ကို ကျေးဇူးပြူ့ပြီး စောင့်ရှောက်ပေးပါ ။
ခင်ဗျားရဲ့သူ့အပေါ်ထားတဲ့ အချစ်တွေအတွက် ကျွန်တော် ခင်ဗျားကို တသက်လုံး ကျေးဇူးတင်နေမှာပါ။
No comments:
Post a Comment