Monday, October 7, 2013

သင်>>>>>>>ဒါတွေတွေးမိလား?

သင်>>>>>>>ဒါတွေတွေးမိလား?

တကယ်လို့ သင့်အိမ်ထောင်ဖက်(သို့)ချစ်သူကို အလိုမကျဖြစ်နေမရ်ဆိုရင်…….

ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆိုနေတဲ့သူကို သတိရပါ။ ။ ။

တကယ်လို့ သင်ဟာ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမရ်ဆိုရင်……..

အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ လူတွေအကြောင်းကို သတိရပါ။ ။ ။

တကယ်လို့ သင်သားသမီးတွေအပေါ်မှာ စိတ်တိုင်းမကျခဲ့လို့ရှိရင်…….

ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။ ။ ။

တကယ်လို့ သင့်ရဲ့အလုပ်မှာ မောပန်းတရ် ငြီးငွေ့တရ်လို့ ခံစားရရင်………

အလုပ်လက်မဲ့လူတန်းစားကို သတိရပါ။ ။ ။

တကယ်လို့ သူများကိုလက်ညှိုးထိုး အပြစ်ပြောချင်တရ်ဆိုရင်တော့……….

လူသားတိုင်း အပြစ်နဲ့မကင်းဘူးဆိုတာကို လက်ခံပေးပါ။ ။ ။

တကယ်လို့ စိတ်ဓါတ်ကျစရာ အတွေးတွေက အိမ်မက်ကို ဖျက်ဆီးတဲ့အခါ…….

သင့်မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို သတိရပါ။ ။ ။ ။ ။ ။ ။ ။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး