Sunday, October 20, 2013

ညကကြိုး

အိပ်စက်မပျော်ခြင်းက အိပ်ယာထက်မှာ လူးလွန့် စီးဆင်းလို့ ... လည်နေတဲ့ ပန်ကာရွက်တွေမှာ သတိက ကပ်ငြိနေတာတောင် အမှောင်က ပူလောင်လွန်းတယ်...။ ကြမ်းပြင်ပေါ်က လရောင်တစက်ဆီမှာ ကောက်ယူမရတဲ့ မျှော်လင့်ချက်တွေနဲ့  နာရီတွေ မြွေလိုခါးဆန့် ထွက်တော့... အာရုဏ်က ခရီးရှည်ရပြီ...။ အဲ့ဒီလို ငြီးငွေ့ သွေ့ ခြောက်နေခြင်းမှာ ကဝေစေညွှန်ရာ ကကြိုးအတိုင်း မိုးလင်းပေါက်သည့်တိုင် စိတ်ကူးနဲ့  နှစ်ပါးသွားကနေလိုက်တော့တယ်။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး