Sunday, October 20, 2013

ကောက်ကြောင်းမဲ့ သံစဉ်

ရည်ရွယ်ခြင်း မရှိခဲ့ပါဘူး မမျှော်လင့်ပဲချစ်မိခဲ့တာပါ…… ဖြစ်တည်မှူတွေကဆန်းပြားလွန်းတယ်ကွယ်….. ရင်ခွင်ရိုင်းနဲ့ ထင်ရာစိုင်းခဲ့တဲ့ငါ… ဘဝဆိုတာကို အက္ခရာတင်လို့ရရင် ကျောက်ခေတ်ရဲ့ စာဟာ ငါ့အက္ခရာပဲပေါ့…. အချစ်ဆိုတာကို ပုံဖော်လို့ရခဲ့ရင် ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ အစိမ်းရောင်ဟာ ငါ့ colour ပဲလေ… ဒဿကိုသနားလို့ ငါလေ Cupid ကို အပြစ်တင်ခဲ့ဖူးပါရဲ့ မင်းဟာဝေဒနာ နတ်ရူးလို့… ငါ့သံစဉ် ငါ့ဂီတတွေနဲ့ ငါကခုန်နေခဲ့တာပါ မင်းရဲ့ အလင်းမဲ့ သံစဉ်တွေအောက် ငါ့နှလုံးသားတစ်စုံကျရောက်သွားချိန်မှာတော့ ငါ့ ဘဝ ဘယ်လိုမှအလကာင်္မဆန်တော့ဘူး ချစ်သူရေ……

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး