Monday, October 7, 2013

ငါ့ လို အဖြစ်မျိုးနဲ့ ဝေးပါစေ…

သေချာတဲ့အချစ်ကို
လိုချင်တာတဲ့လား.?
သေချာရေရာမှုတွေ ပျက်စီသွားအောင်
မင်းကိုယ်တိုင်ပဲ ၇ိုက်ချိုးပစ်ခဲ့တာလေ …
ခံစားမှုနှလုံးသားကိုအတုဆင်
မင်းကိုယ်တိုင်ပဲ
အချစ်ဆိုပြီး ပေးအပ်ခဲ့တာလေ …
မြတ်နိုးတန်ဖိုးထားတတ်မှုဆိုတာ
ဘယ်လို့အရာမှန်း မသိတဲ့
မင်းအတွက်တော့
ငါ့အချစ်တွေက
ဟာသတစ်ပုဒ်ဖြစ်မှာပေါ့၊
ပြောချင်တာတွေ ပြောသွား
သူငယ်ချင်းတွေရှေ့
ငါ အရှက်ကွဲသလို့
မင်းဘ၀မှာ မကြုံပါစေနဲ့ ချစ်သူ…
ကိုယ်ပိုင်ဖန်တီးတဲ့အချစ်
တစ်ပါးသူ ၇ိုက်ချိုးသွားမှန်းသိရင်
မပွင့်လန်းခင်တည်းက သတ်ပစ်ခဲ့တယ်။
နိုင်ပြီးတိုင်း အနိုင်ယူ
အ၇ှုံးတွေကို ထွေးပိုက်၇င်း
ငါ့ လို မျက်၇ည်မကျပါစေနဲ့ ချစ်သူ …
တစ်ချိန် မင်းအတွက်
ရယ်စရာဖြစ်နေမှာဆိုတော့
အခုတည်းက ..
ရယ်ပါ ၊မောပါ၊ ပြုံးပျော်ပါ။
သြော် … နောက်ပြီ
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့ ….

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး